29 April 2024

ထိုင်းကလေးတဦး မီးပလတ်ထိုးရာက ပလတ်လောင်ပြီး လက်ငါးချောင်းစလုံးမီးလောင်ဒဏ်ရာရရှိ
.
ဇူလိုင် ၁၀ ရက်၊ ၂၀၂၃
.
ထိုင်းကလေးတဦး မီးပလတ်ထိုးရာက ပလတ်လောင်ကျွမ်းမှုဖြစ်ပွားပြီး ကလေး၏လက်ချောင်း ၅ ချောင်းစလုံး မီးလောင်ဒဏ်ရာရရှိခဲ့ပြီး လက်ဖဝါးအတွင်းဘက်တွင် ဖုဖောင်းဒဏ်ရာ ရရှိခဲ့သည်ဟု ထိုင်းသတင်းပေ့ချ်တခုက ဖော်ပြထားသည်။
.
ပလတ်လောင်ကျွမ်းမှု ဖြစ်ပွားသည့်အကြောင်းရင်းမှာ ထိုင်းစက်မှုဝန်ကြီးဌာနထောက်ခံချက်ရရှိထားခြင်း မရှိသော အရည်အသွေးနိမ့်သည့် မီးပလတ်ဖြစ်ခြင်းကြောင့်ဟု ဖော်ပြထားသည်။
.
ထိုင်းရောက်မြန်မာနိုင်ငံသားများအနေဖြင့် အရည်အသွေးပြည့်မီသော မီးပလတ်များကို ဝယ်ယူအသုံးပြုကြရန်နှင့် ကလေးများကို မီးပလတ်အသုံးပြုခွင့်မပေးရန် အကြံပြုလိုပါသည်။
.
.
.

SHARE THIS NEWS

OTHER NEWS