30 April 2024

ဓာတ်ပုံ The Reporters

 

စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၁

 

ကန်ကျနဘူရီခရိုင်ရှိ ဝပ်ထာ့ဖုရတ်ဘန်ရွမ် မူးယစ်ဆေးစွဲသူများကုသရေးနှင့်ပြန်လည်ထူထောင်ရေးစင်တာကို ရှေ့နေ ၂ ဦးနှင့် ၎င်းစင်တာတွင်မူးယစ်ဆေးဖြတ်ထားသူ ၁၀ ဦးက လူကုန်ကူးမှုဖြင့် မှုခင်းနှိမ်နင်း ရေးရဲတပ်ဖွဲ့ထံ အမှုဖွင့် တရားစွဲ။

 

ယနေ့မနက်တွင် ထိုင်းရှေ့နေနှစ်ဦးနှင့်မူးယစ်ဆေးဖြတ်ထားသူလူ ၁၀ ဦးတို့က မှုခင်းနှိမ်နင်း‌ရေးရဲတပ်ဖွဲ့ထံသွားရောက်ပြီး ကန်ကျနဘူရီခရိုင်ရှိ ဝပ်ထာ့ဖုရတ်ဘန်ရွမ်မူးယစ်ဆေးစွဲသူများကုသရေးနှင့် ပြန်လည် ထူထောင်ရေးစင်တာကို လူကုန်ကူးမှုဖြင့်တရားစွဲခဲ့သည်ဟု The Reporters သတင်းဌာနကဖော်ပြထားသည်။

 

အဆိုပါ မူးယစ်ဆေးစွဲသူများကုသရေးနှင့်ပြန်လည်ထူထောင်ရေးစင်တာတွင် အစာရေစာအငတ်ခံပြီး ညှင်းပန်းနှိပ်စက်မှုရှိသည့်အပြင် လူသစ်များကိုစင်တာဝင်ကြေး ၁၂,၀၀၀ ဘတ်ကောက်ခံခြင်း၊ ထို့နောက်လစဉ်ကြေး ၂,၀၀၀ ဘတ်ကောက်ခံခြင်းနှင့်စင်တာမှထွက်လိုသည့်သူများကို ၁၀,၀၀၀ ဘတ်ကောက်ခံ ခြင်းများရှိသည်ဟု ၎င်းထံတိုင်တန်းထားကြောင်း ရှေ့နေ ဖိုင်စန်းကဆိုသည်။ လတ်လလောတွင် နစ်နာသူစုစုပေါင်း ၂၁၆ ဦးကိုကယ်ထုတ်နိုင်ခဲ့သည်ဟု ဆက်လက်ပြောပြသည်။

 

ယင်းမူးယစ်ဆေးစွဲသူများကုသရေးနှင့်ပြန်လည်ထူထောင်ရေးစင်တာသည် မူးယစ်ဆေးဖြတ်လိုသူများကိုရှာဖွေခြင်း၊ ခေါ်ဆောင်ခြင်း၊ ငွေညှစ်ခြင်း၊ ချုပ်နှောင်ခြင်းနှင့်ညှင်းပန်းနှိပ်စက်ခြင်းများရှိ၍ လူကုန်ကူး မှုမြောက်ကြောင်း၊ စင်တာအတွင်းအသက်သေဆုံးသူ ၂ ဦး ၃ ဦးရှိပြီး ရင်ခွဲစစ်ဆေးခြင်းမပြုထားကြောင်း ရှေ့နေက ဆိုသည်။

 

ထို့ပြင် အဆိုပါလူကုန်ကူးမှုတွင် ရဲဝန်ထမ်းနှင့်စေတနာ့ဝန်ထမ်းများပါဝင်ပတ်သက်နေကြောင်း၊ တခြားအမှုဖြင့်စွပ်စွဲခံထားရသူများကို မှုခင်းကင်းရှင်းကြောင်းထောက်ခံချက်ဖြင့်အလဲအလှယ်လုပ်၍ ၎င်းစင်တာတွင် ၁ နှစ်ကြာကုသမှုခံယူရန် အုပ်ထိန်းသူထံကမ်းလှမ်းကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

 

တဆက်တည်းတွင် ၎င်းစင်တာသည်ကမ္ဘာပေါ်ရှိငရဲပြည်ပမာလူနေမှုအခြေအနေဆိုးရွားပြီး ကျန်းမာရေးဝန်ကြီးဌာန၏စံသတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိကြောင်း ရှေ့နေ ကျီရဖန်ကဆိုသည်။

 

အဆိုပါ စင်တာကိုစရောက်ချိန်တွင် မူးယစ်ဆေးဝါးစစ်ဆေးမှုမရှိဘဲ ဓာတ်မှန်သာရိုက်ပေးကြောင်း၊ တစ်နေ့လျင်ထမင်း၁နပ်သာကျွေးကြောင်း၊ မနက် ၃ နာရီကတည်းကအိပ်ရာထရပြီး ဝတ်ပြုရကြောင်း၊ဝန်ပြုသံတိုးပါကနံနက်စာမကျွေးကြောင်း၊ အကျဉ်းသားပမာနေထိုင်ရကြောင်း၊ စစ်ဆေးရေးဝင်သည့်အခါ အခြေအနေအမှန်ကိုဖုံးကွယ်ထားကြောင်း၊ ဆေးဖြတ်သူများကတိုင်တန်းပါကပြစ်ဒဏ်ခံရကြောင်း ၎င်းစင်တာတွင် ၉ လကြာနေထိုင်ခဲ့ရသည့်နစ်နာသူတစ်ဉီးက ဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS