3 May 2024

,

တီဗီကြေညာတွေထဲကလို ဆံကေသာ ပျော့ပျောင်းလှပချင်ကြသော်လည်း အဲဒီလို ဖြစ်လာဖို့ကို ဘယ်လိုလုပ်ရမလဲ ဆိုတဲ့နည်းလမ်း မသိလို့ စိတ်ပျက်နေကြတဲ့ ပျိုမေတွေရှိကြမယ်ထင်ပါတယ်။ တကယ်တမ်းတော့ ဆံကေသာကိုနူးညံ့ပျော့ ပျောင်းအောင် ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းများစွာရှိပါတယ်။ အဲဒီထဲကနည်းလမ်းအချို့ကို ပျိုမေတွေအတွက်ရေးသား ဖေါ်ပြပေး လိုက်ပါတယ်နော်။

၁. မှန်ကန်တဲ့ခေါင်းလျှော်နည်း

နည်းလမ်းမှန်တဲ့ခေါင်းလျှော်နည်းကတော့ နေ့စဉ်ကပ်ပါလာတဲ့ အညစ်အကြေးတွေကို ကောင်းမွန်စွာဖယ်ရှားနိုင်ရန် ခေါင်းလျှော်ရည်မထည့်ခင် ဆံကေသာကိုစိုစွတ်အောင်အရင်ပြုလုပ်သင့်ပါတယ်။ ပြီးတော့မှ ခေါင်းလျှော်ရည်ကို ပထမအခေါက်ထည့်ပြီးဆံကေသာကို ဖွဖွလေးနှိပ်ပေးပါ။ အဲဒီလို အနည်းဆုံး ၂ ခါလောက်ပြုလုပ်ပေးခြင်းနဲ့ အညစ်အကြေးတွေကိုကောင်းမွန်စွာဖယ်ရှားနိုင်တဲ့အပြင် ဆံကေသာကိုပါ သန်မာစေပါတယ်နော်။

ခေါင်းလျှော်ရည်နဲ့အနည်းဆုံး ၂ ခါလောက်လျှော်ပြီး သန့်စင်သွားတဲ့အခါမှာတော့ ပျော့ဆေးထည့်ပြီး ၂-၃ မိနစ်ခန့် ဆံကေသာကို ပေါင်းထားပေးပါ ပေါင်းနေစဉ်အချိန်တွင်းမှာလည်း ညှင်သာစွာဦးရေပြားကိုနှိပ်ပေးနိုင်ပါတယ်နော်။ ကဲဒီလိုမှန်ကန်တဲ့နည်းလမ်းနဲ့ခေါင်းလျှော်ခြင်းအားဖြင့် ဦးရေပြားခြောက်သွေ့ခြင်းပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပြီး ဆံကေသာခြောက်သွေ့တဲ့ ပြဿနာကိုပါ ဖြေရှင်းနိုင်ပါတယ်နော်။

ဆံကေသာနဲ့တည့်တဲ့ပရောဒတ်ကိုရွေးသုံးပါ

ခေါင်းလျှော်ရုံနဲ့မပြီးသေးပါဘူးနော် မိမိဆံကေသာနဲ့ လိုက်ဖက်တဲ့ ပရောဒတ်ကိုရွေးသုံးတတ်ဖို့ကလည်း အရေးကြီးပါတယ်။ အရင်ဆုံး ပျိုမေတွေအနေနဲ့ မိမိတို့ ဆံကေသာဟာ အရမ်းခြောက်သွေ့နေတာလား၊ ပျက်စီးနေတာလား၊ ဒါမှမဟုတ်ဦးရေပြားမှာ အဆီအရမ်းထွက်နေတာလား ဆိုတာကို လေ့လာပါ။ ပြီးရင်တော့ အဲဒီပြဿနာတွေနဲ့ ကိုက်ညီတဲ့ ပရောဒတ်ကိုရွေးသုံးပါလို့ အကြံပြုလိုက်ပါတယ်နော်။

– မပျက်စီးသေးတဲ့ ဆံသားကို အခုလိုအချက်တွေနဲ့ ခွဲခြားနိုင်ပါတယ် မပျက်စီးတဲ့ဆံသား ဟာခြောက်သွေ့မနေဘူး၊ အရမ်းလည်းနက်မှောင်မနေဘဲ ဖီးရတာလည်းအရမ်းလွယ်ပါတယ်။

– ခြောက်သွေ့တဲ့ဆံသားဟာတော့ ဆံပင်ဟာမွဲခြောက်ခြောက်ဖြစ်နေတတ်ပြီး ဆံပင်ပျက်ရာတွေရှိနေမယ်၊ ဆံပင်ဟာပွပြီး ဖီးရတာအရမ်းကိုခက်ခဲပါတယ်။

– အဆီပြန်တဲ့ဆံသားကတော့ ကပ်စေးကပ်စေးဖြစ်နေပြီး မသန့်ရှင်းတဲ့ ပုံပေါ်နေပါလိမ့်မယ်။

– ပျက်စီးတဲ့ဆံသားတွေဟာအများအားဖြင့် မှားယွင်းတဲ့နည်းလမ်းတွေနဲ့ ဆံပင်ကောက်တာ၊ ဖြောင့်တာ၊ ဆေးခဏခဏဆိုးတာက တွေကအစပြုပြီးဖြစ်လေ့ရှိတာပါ။

၃. ဆံသားနဲ့မတည့်တဲ့ဓာတုပစ္စည်းတွေကိုရှောင်ကြဉ်ပါ။

ဆံပင်ဖြောင့်တဲ့အခါမှာဆိုရင် ဓာတုပစ္စည်းတွေထည့်ပြီး စက်ဆွဲရတယ်မဟုတ်လား ဆေးနဲ့တည့်တဲ့သူတွေအတွက်တော့ ဘာမှပြောစရာမရှိဘူးဆိုပေမယ့် ဈေးတော်တဲ့ဖြောင့်ဆေးတွေသုံးပြီး မတည့်တဲ့အခါ စက်ဆွဲလိုက်ရင် ဆံပင်ချောင်းလိုက်ပျက်ကျတာမျိုးဖြစ်တတ်ပါတယ်နော် အဲဒီလိုဖြစ်ပြီဆိုရင်တော့ အကောင်းအတိုက်ဖြစ်လာဖို့ ထိန်းသိမ်းဖို့ဆိုတာနည်းလမ်းမရှိသလောက်ပါပဲ အဲဒါကြောင့် ဓာတုပစ္စည်းတွေထည့်ပြီး ဆံသားကို မွမ်းမံမယ်ဆိုရင်တော့ အကောင်းစားဆေးတွေကို သာရွေးချယ်အသုံးပြုပါလို့ပြောပါရစေရှင့်

၎. တစ်ပတ်ကိုနည်းဆုံး ၁ ခါလောက်ပျော့ဆေးထည့်ပါ

ဆံသားပျက်စီးသွားပြီးသူအနေနဲ့ကတော့ တစ်ပတ်တစ်ခါလောက် ပျော့ဆေးထည့်ပြီး ဆံပင်ပေါင်းပေးခြင်းနဲ့ အရင်အတိုင်း ဆံသားလှပအောင်ပြန်လည်ထိန်းသိမ်းနိုင်ပါတယ်နော်။

SHARE THIS NEWS

OTHER NEWS