13 May 2024

ကန်ကျနဘူရီခရိုင် နယ်စပ်လုံခြုံရေးတပ်ဖွဲ့က ထိုင်းကိုတရားမဝင် ဝင်ရောက်တဲ့မြန်မာ ၁၄ ကိုဖမ်းဆီးခဲ့ပါတယ်။ သူတို့တွေသည် ဖန်ငါ၊ ဆုန်ခရာ၊ စူရတ်ဌာနီခရိုင်မှာတွေမှာ အလုပ်သွားလုပ်ဖို့လာခဲ့ပါတယ်။ လမ်းစရိတ် ၂ သောင်းဘတ်ကုန်ကျခဲ့တယ်လို့အလုပ်သမားတစ်ဦးထံကသိရပါတယ်။

 

 

စက်တင်ဘာ ၂၃ ရက်နေ့ ထိုင်း-မြန်မာနယ်စပ်ကန်ကျဘူခရိုင် တောလမ်းကနေတဆင့် ထိုင်းကိုတရားမဝင် ဝင်လာတဲ့မြန်မာ ၁၄ ဦးကို ပီလောပီနံစိုက်ခင်းထဲမှာဖမ်းမိခဲ့ပါတယ်။ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၆ ဦးဖြစ်ပါတယ်။

 

 

မြန်မာ ၁၄ ဦးမှာ ပဲခူး၊ ထားဝယ်နဲ့ ဘားအံကနေ့လာတဲ့ကြကြောင်းသိရပါတယ်။ ထိုင်းနယ်စပ်ကိုရောက်ဖို့ ၃ ရက်လောက်လမ်းလျှောက်လာခဲ့ရပြီး၊ ပွဲစားကိုလဲ ၁၅၀၀၀-၂၂၀၀၀ အထိပေးခဲ့ရတယ်လို့ ဖမ်းမိတဲ့အလုပ်သမားတစ်ဦီးကပြောပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ #ข่าวภูมิภาคกาญจนบุรี #โจโฉ

SHARE THIS NEWS

OTHER NEWS