26 April 2024

ATK ဈေးတင်ရောင်းသည့်ပြဿနာကိုအချိန်မီဖြေရှင်းနိုင်ရန် ထိုင်းဆေးဝါးအဖွဲ့ချုပ်မှ တစ်စုံကို ၃၅ ဖြင့် အရှုံးခံပြီးရောင်းချပေးမည်။

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ပဉ္စမလှိုင်းနှင့်ရင်ဆိုင်ရပြီးနောက် ပြည်သူများက ကိုဗစ်-၁၉ ကိုယ်တိုင်စစ်ဆေးနိုင်သည့် ATK ကိရိယာများကို အလုအယက်ဝယ်ယူကြခြင်းကြောင့် ဈေးကွက်ပြတ်လပ်မှုဖြစ်ပေါ်လာပြီး

ဈေးတင်ရောင်းသည့်ပြဿနာနှင့်ရင်ဆိုင်လာရ၍ အချိန်မီဖြေရှင်းနိုင်ရန်အတွက် ထိုင်းဒုဝန်ကြီးနှင့်ကျန်းမာရေးဝန်ကြီး အနုတင် ချန်ဝီရကွန် ၏ညွှန်းကြားချက်အရ ထိုင်းဆေးဝါးအဖွဲ့ချုပ်မှ ATK တစ်စုံကို ၃၅ ဘတ်ဖြင့်ရောင်းချသွားမည်ဟု ထိုင်းဆေးဝါးအဖွဲ့ချုပ်ညွှန်ကြားရေးမှူး ဒေါက်တာ ဝိထွန် ဒန်ဝိဘွန် ကယမန်နေ့(ဇန်နဝါရီ ၁၁) တွင်ပြောကြားခဲ့သည်။

လာမည့် ဇန်နဝါရီ ၁၄ ရက်နေ့တွင် ဆေးဝါးအဖွဲ့ချုပ်၏ဆေးဆိုင် ၈ နေရာတွင်ရောင်းချသွားမည်ဟု သိရပြီး ဇန်နဝါရီ ၁၇ ရက်နေ့တွင် အွန်လိုင်းမှစတင်ရောင်းချသွားမည်ဟု ညွှန်မှူးကဆိုသည်။

အွန်လိုင်းမှတဆင့်ဝယ်ယူလိုသည့်ပြည်သူများအနေဖြင့် www.gpoplanet.com နှင့် Thai Herb ဝဘ်ဆိုက်တွင်မှာယူနိုင်ပြီး အိမ်တိုင်ရာရောက်ပို့ဆောင်ပေးမည်ဟု ဆိုသည်။

လက်ရှိတွင် ဆေးဝါးအဖွဲ့ချုပ်လက်ထဲ၌ ATK အစုံရေ ၃ သန်းရှိနှင့်နေပြီး နောက်ထပ် ၃.၅ သန်းစုံဝယ်ယူထားကာ တစ်ပတ်လျင် ၁ သန်းစုံလက်ခံရရှိမည်ဖြစ်ပြီး နောက်ထပ်အစုံရေ ၅ သန်းဝယ်ယူရန်စီစဉ်ထားခြင်းကြောင့် စုစုပေါင် ၁၁.၅ သန်းစုံရောင်းချပေးနိုင်မည်ဟု ပြောကြားသည်။

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS