3 May 2024

ယစိုးထော်ခရိုင်တွင် အသက် ၉၉ နှစ် ၇၅ ဝါရှိ တော်ရကျောင်းဆရာတော်တစ်ပါး ပျံလွန်
.
ဇွန် ၂၁ ရက်၊ ၂၀၂၃
.
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ယစိုးထော်ခရိုင်၊ ပါတွီ့မြို့နယ်၊ ခို့နာကိုကျေးရွာအုပ်စု၊ ဒွန်စဝမ်ကျေးရွာရှိ ဒွန်စဝမ်ဓမ္မတောရကျောင်းတွင် ဇွန်လ ၁၉ ရက်နေ့က အသက် ၉၉ နှစ်ရှိပြီး ၇၅ ဝါရှိသည့် ဆရာတော် တစ်ပါး ပျံလွန်ခဲ့သည်ဟု သိရသည်။
.
ပျံလွန်တော်မူသော ဆရာတော် Saeng Yanwaro ၏ ရုပ်ကလာပ်ကို တပည့်များက ဘာသာရေး အခမ်းအနားတစ်ခု ကျင်းပပေးခဲ့ပြီး ယစိုးထော်ခရိုင်မှူးက ထိုင်းဘုရင်ကိုယ်စား တော်ဝင်ရေချမ်းနှင့် တော်ဝင်လွမ်းသူ့ပန်းခွေ ပူဇော်ပေးခဲ့သည်ဟု သိရှိရသည်။
.
.
.
.
.
.
.
.
Photo : วัดป่าดงสว่างธรรม
.

SHARE THIS NEWS

OTHER NEWS