28 April 2024

,

အိမ်ပိုင်မရှိသေးတဲ့ အသက် ၇၆ နှစ်ထိုင်းအဖွားတစ်ဦး ဘတ် ၁၂ သန်း ကံထူး
.
ဇွန် ၂ ရက်၊ ၂၀၂၃
.
ယမန်နေ့က နခွန်စဝမ်းခရိုင်တွင် အသက် ၇၆ နှစ်အရွယ် ထိုင်းအဖွားတစ်ဦးက ဘတ် ၆ သန်းထီ ၂ စောင်တွဲ ကံထူးခဲ့သည်ဟု ထိုင်းရတ်သတင်းဌာန က ဖော်ြပထားသည်။
.
ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်စဝမ်းခရိုင်၊ နခွန်စဝမ်းမြို့နယ်၊ နောင်းပလင်ကျေးရွာအုပ်စုရှိ ဒေဝနိမိတ်စဝမ် ဓမ္မဘုန်းကြီးကျောင်းနားတွင် နေထိုင်သူ အသက် ၇၆ နှစ်ရွယ်ထိုင်းအဖွားတစ်ဦးက ဘတ် ၆ သန်းထီ ၂ စောင်တွဲ စုစုပေါင်း ၁၂ သန်း ကံထူးသည်ဟု သိရှိပြီးနောက် သားမြေးများနှင့်တကွ နောင်းပလင်နယ်မြေ ရဲစခန်းသို့သွားရောက်ပြီး ရဲမှတ်တမ်းပြုစုခဲ့သည်ဟု ဖော်ြပထားသည်။
.
အဆိုပါ ဘုန်းကြီးကျောင်းတွင် ပူဇော်ထားသော ဝေသဝဏ်နတ်ဘီလူးမင်းဗြောက်အိုးမှထွက်လာသော ဂဏန်းမှာ “၇၂” ဖြစ်ပြီး ကျောင်းထိုင်ဆရာတော်၏မွေးသက္ကရာဇ်နှင့်တူညီနေ၍ ကျောင်းဝင်းအတွင်းရှိ ထီသည်ထံတွင် “၇၂” နောက်ပိတ် ထီလက်မှတ် ၁ စုံ ကံစမ်းဖြစ်ခဲ့သည်ဟု ကံထူးရှင်က ဆိုသည်။
.
အိမ်ပိုင်မရှိသေး၍ အိမ်ငှားနေရပြီး ဘုန်းကြီးကျောင်းထမင်းဖြင့် အသက်ရှင်နေရသော သူမအဖို့ ဒီတစ်သက် ငွေသန်းဂဏန်းကိုင်ခွင့်ရမည်ကို လုံးဝမထင်ထားခဲ့ကြောင်း သတင်းထောက်များကို ပြော ပြသည်။
.
ဘတ် ၁၂ သန်းကံထူးစေရန် ဆောင်မပေးသော ဝေသဝဏ်နတ်ဘီလူမင်းအား ထိုင်းအော်ပရာ (လိကေ) ၃ ညငှားပြီး ကန်တော့မည်ဟု ဆိုသည်။
.
ဂဏန်းကောင်းတွေစုစည်းထားတဲ့ “ကံပွင့်” ပေ့ချ်
Like & Share များများလုပ်ပြီးအားပေးလိုက်ကြရအောင်

SHARE THIS NEWS

OTHER NEWS