11 May 2024

လာမည့် မတ်လ ၂၄ ရက်နေ့မှစ၍ ဘတ် ၂၀ တန်ငွေစက္ကူများကို ပိုလီမာပလတ်စတစ်ဖြင့်စတင်ထုတ်လုပ်တော့မည်ဟု ထိုင်းဗဟိုဘဏ် ထုတ်ပြန်။

လာမည့် မတ်လ ၂၄ ရက်နေ့မှစ၍ ဘတ် ၂၀ တန်ငွေစက္ကူများကို ပိုလီမာပလတ်စတစ်ဖြင့်စတင်ထုတ်လုပ်တော့မည်ဟု ထိုင်းဗဟိုဘဏ်ဉက္ကဋ္ဌ ဒေါက်တာ စေထဖုထိ က ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။

ပိုလီမာငွေစက္ကူသည် ပျမ်းမျှအားဖြင့် ၅ နှစ်ခန့်အသုံးခံပြီး သာမာန်ငွေစက္ကူများသည် ၂ နှစ် မှ ၃ နှစ်အထိသာအသုံးခံသည်ဟု ဆိုသည်။

ထို့ပြင် ခေတ်မီနည်းပညာများဖြင့် ငွေက္ကူအတုထုတ်လုပ်ခြင်းကိုကာကွယ်နိုင်ရန်ရည်ရွယ်ပြီး ယခုထုတ်လုပ်မည့်ပိုလီမာငွေစက္ကူအသစ်တွင် အမြင်အာရုံချို့တဲ့သူများအတွက် အလွယ်တကူစမ်းသိနိုင်မည့်အမှတ်အသား ပါရှိသည်ဟု ဆိုသည်။

လူသုံးအများဆုံးဖြစ်သော ဘတ် ၂၀ တန်ငွေစက္ကူများကို နှစ်စဉ် အရွက်ပေါင်း သန်း ၆၀၀ အထိ ထုတ်လုပ်နေရပြီး နှစ်စဉ်ငွေစက္ကူထုတ်လုပ်မှု၏သုံးပုံတစ်ပုံရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ထဲတွင် ဘတ် ၂၀ တန်ငွေစက္ကူ စုစုပေါင်းတန်ဖိုး ၄၇ ဘီလျံဈေးကွက်ထဲတွင်ကျန်ရှိနေပြီး လှည့်လည်သုံးစွဲငွေ၏ ၃၀ ရာခိုင်နှုန်းအထိမြင့်မားနေသည်ဟု ဆိုသည်။

ယင်းငွေစက္ကူကိုစတင်ထုတ်ဝေမည့် မတ် ၂၄ ရက်နေ့တွင် အလိုအလျောက်ငွေထုတ်စက်အမျိုးမျိုး၌၆၀ မှ ၇၀ ရာခိုင်နှုန်းအထိအသုံးပြုနိုင်မည်ဖြစ်ပြီး တချို့စက်များတွင် ဆော့ဖ်ဝဲယားစနစ်အပြောင်းအလဲတချို့ပြုလုပ်ရမည်ဟု ဆိုသည်။

စတင်ထုတ်ဝေသည့်နေ့တွင် အများပြည်သူအနေဖြင့် ဘဏ်များ နှင့် အထူးငွေကြေးအင်စတီကျု့များ တွင် ဝယ်ယူနိုင်မည်ဖြစ်ကာ ယခင် ဘတ် ၂၀ တန်ငွေစက္ကူအဟောင်းများကိုလည်း ပုံမှန်သုံးစွဲနိုင်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် ယခင်က ဘတ် ၅၀ တန်ငွေစက္ကူကို ပိုလီမာပလတ်စတစ်ဖြင့်ထုတ်လုပ်ခဲ့ဖူးသော်လည်း (ထိုင်းမှာအနေကြာတဲ့သူတွေမှတ်မိကြမှာပါ) နည်းပညာအားနည်းမှုကြောင့် အလိုအလျောက် ငွေထုတ် စက်များတွင် အသုံးပြုရန်ခက်ခဲ၍ တဖြည်းဖြည်းချင်းပြန်လည်သိမ်းယူခဲ့ရသည်ဟု ဆိုသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS