9 May 2024

လေယာဉ်ဖြင့်နေရပ်ပြန်လိုသော ကလေးသူငယ်များ ကလေး CI ပြုလုပ်နည်း
.
ဇူလိုင် ၂၄ ရက်၊ ၂၀၂၃
.
ထိုင်းနိုင်ငံတွင် မွေးဖွားသော ရွှေ့ပြောင်းမြန်မာသားသမီးများအနေဖြင့် မြန်မာနိုင်ငံသို့ လေယာဉ်ခရီးစဉ် ဖြင့် ပြန်သွားလိုပါက ကလေး CI ပြုလုပ်ရန် လိုအပ်သည်။
.
ကလေးစီအိုင်သည် အများအားဖြင့် သက်တမ်း ၇ ရက်သာပေးထားပြီး လေယာဉ်တစ်ကြိမ်စီးပြီးသည် နှင့်သက်တမ်းကုန်ဆုံးပြီဟု သိရသည်။
.
ကလေးစီအိုင်ပြုလုပ်ရန်အတွက် လိုအပ်သည့်အထောက်အထားများ-
၁။ ကလေးမိဘနှစ်ပါး၏ ပတ်စပို့၊ ဗီဇာ၊ ဝေါ့ပါမစ် မိတ္တူ
၂။ ကလေးမိဘနှစ်ပါး၏ မြန်မာမှတ်ပုံတင်နှင့်အိမ်ထောင်စုဇယားမိတ္တူ
၃။ ကလေးမိဘနှစ်ပါး၏ တလက်မခွဲဓာတ်ပုံ
၄။ မိသားစုဓာတ်ပုံနှင့် လေယာဉ်လက်မှတ်
၅။ ကလေးမွေးစာရင်းမိတ္တူနှင့် တလက်မခွဲဓာတ်ပုံ
.
ကလေးစီအိုင်အား လေယာဉ်စီးမည့် တပတ်အလိုတွင် ပြုလုပ်ရန်လိုအပ်ပြီး ဗန်ကောက်အခြေစိုက် မြန်မာသံရုံးရှိ Myanmar Embassy Visa Processing Center 02 234 4698 တွင် ပြုလုပ်ရမည်ဟု သိရသည်။
.
မူရင်းနှင့်ဓာတ်ပုံ : ဇွဲဝေ
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ

SHARE THIS NEWS

OTHER NEWS