11 May 2024

ဘိန်းစာရွက်ပြုတ်ရည် စွဲသောက်သောလူငယ်များကို ဆရာဝန်သတိပေး
.
ဇွန် ၂၉ ရက်၊ ၂၀၂၃
.
ထိုင်းနိုင်ငံတွင် ဘိန်းစာရွက်ပြုတ်ရည်စွဲသောက်သော လူငယ်များတွင် ကျောက်ကပ်ရောဂါခံစားလာ ရသည့် အရေအတွက်မြင့်မားလာပြီးနောက် Srinakharinwirot တက္ကသိုလ်မှ မှုခင်းဆေးပညာရှင် လက်ထောက် ပါမောက္ခ ဒေါက်တာ Weerasak Charatchaisri က ၎င်း၏လူမှုကွန်ရက်အကောင့်မှတဆင့် သတိပေး ဖော်ပြထားသည်။
.
ဘိန်းစာရွက်ပြုတ်ရည်ကို အချိန်ကာလကြာမြင့်စွာ စွဲသောက်သောအခါ အသည်းနှင့်ကျောက်ကပ်ကို ထိခိုက်စေပြီး ဆီးအရောင်ရင့်ခြင်းနှင့် အသားရေဝါလာခြင်း စသည့်ရှေ့ပြေးလက္ခဏာများကို ခံစားရမည် ဟု ဖော်ပြထားသည်။
.
အသည်းပျက်စီးလာသည့်အခါ ကျောက်ကပ်အလုပ်ပိုလုပ်လာရခြင်းကြောင့် ကျောက်ကပ်လုပ်ဆောင် ချက် ကျဆင်းသည့်ရောဂါကို ခံစားလာရမည်ဟု သတိပေးထားသည်။
.
ဘိန်းစာရွက်ပြုတ်ရည်ကို နှစ်ရှည်လများ စွဲသောက်လာပြီးနောက် ဆီးအရောင်ရင့်ခြင်းနှင့် အသားရေဝါ လာသည့် လက္ခဏာတို့ကို ခံစားရလျှင် အမြန်ဆုံးရပ်တန့်ပြီး အချိန်မီဆရာဝန်ပြရန် တိုက်တွန်းထား သည်။
.
Photo: Chaing Mai News

SHARE THIS NEWS

OTHER NEWS