26 April 2024

လျှာနဲ့လျက်ပြီး အရသာခံနိုင်မယ့် တီဗွီမျက်နှာပြင် တစ်မျိုးကို ဂျပန်သုတေသနပညာရှင်တစ်ဦးက ဖန်တီးခဲ့ပါတယ်။

 

ရုပ်မြင်သံကြားအစီအစဉ်တွေမှာလာတဲ့ အစားအသောက်အစီအစဉ်တွေကိုကြည့်ပြီး စားချင်စိတ်ဖြစ်ဖူးကြပါ သလား။ အစီအစဉ်တွေမှာလာတဲ့အစားအသောက်တွေရဲ့အရသာကို မြည်းစမ်းကြည့်နိုင်မယ့် တီဗွီအမျိုးအစား တစ်ခုကို ဂျပန်သုတေသနပညာရှင်တစ်ဦးကဖန်တီးနိုင် ခဲ့ပါတယ်။ အဲဒီ တီဗွီမျက်နှာပြင်ကို Taste-the TV လို့ အမည်ပေးထားပါတယ်။

 

Taste-the TV ရဲ့လုပ်ဆောင်ချက်ကတော့ တီဗွီထဲမှာထည့်သွင်းထားတဲ့ အရသာ ၁၀ မျိုး ပါဝင်တဲ့ ဘူးလေးတွေက တစ်ဆင့် အစားအသောက်တွေရဲ့အရသာကို ပိုးသတ်ထားတဲ့ ပလိတ်ပြားပေါ်မှာတင်ပြီဂ ပုံဖေါ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ အခုချိန်ထိတော့ စမ်းသပ်ကာလအဖြစ်နဲ့ ထုတ်လုပ်စမ်းသပ်နေတာဖြစ်ပြီး စီးပွားဖြစ်ရောင်းချဖြစ်ခဲ့မယ်ဆိုရင် တစ်ခုကို ဒေါ်လာ ၈၇၅ ကျသင့်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

SHARE THIS NEWS

OTHER NEWS