9 May 2024

လီတာမပြည့်သည့်ဂယက်ကြောင့် ထိုင်းနိုင်ငံတဝန်းရှိဆီဖြည့်ပိုက်ခေါင်း ၄ သိန်းခွဲကို ကွင်းဆင်းစစ်ဆေး
.
ဩဂုတ် ၁၀ ရက်၊ ၂၀၂၃
.
ထိုင်းနိုင်ငံတွင် လွန်ခဲ့သောရက်ပိုင်းက စက်သုံးဆီလီတာမပြည့်သည့်ဂယက်ထသွားခဲ့ပြီးနောက် နိုင်ငံ တဝန်းရှိ ဆီဖြည့်ပိုက်ခေါင်း ၄ သိန်းခွဲကို ကွင်းဆင်းစစ်ဆေးပြီး ယနေ့ (၁၀-၈-၂၀၂၃) နောက်ဆုံးထား၍ အစီရင်ခံရန် ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန က ညွှန်ကြားထားသည်ဟု PPTVHD36 သတင်းဌာနက ဖော်ပြထားသည်။
.
တဆက်တည်းတွင် နိုင်ငံတဝန်းတွင် ဖွင့်လှစ်ထားသော စက်သုံးဆီဆိုင် ၂၄၇၁၇ ခုရှိ ဆီဖြည့်ပိုက်ခေါင်း ၄ သိန်းခွဲကို လစဉ် ကွင်းဆင်းစစ်ဆေးမှု ပြုသွားမည်ဟု ဖော်ပြထားသည်။
.
တာဝန်ရှိသူများက ကွင်းစစ်ဆေးပြီးနောက် လီတာပြည့်သော ပိုက်ခေါင်းများတွင် ခုနှစ်နှင့်တကွ “ဆီလီတာပြည့်သည်” ဟုရေးသားထားသော စတစ်ကာကို ကပ်ပေးထားသည်ဟု ဖော်ပြထားသည်။
.
ထို့ပြင် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနက တိုင်တန်းမှုလက်ခံမည့် အထူးတာဝန်ခံများကို ခန့်အပ်ထား ပြီး ၁၅၆၉ ကိုခေါ်ဆို၍ တိုင်တန်းနိုင်သည်ဟု ဖော်ပြထားသည်။
.
လွန်ခဲ့သော ၇ လအတွင်း ဆီဖြည့်ပိုက်ခေါင်း ၁၇၂၁၅၆ ခုကို စစ်ဆေးမှုပြုခဲ့ပြီး ဥပဒေနှင့်ညီညွတ်မှု မရှိသော ပိုက်ခေါင်း ၈၀၂ ခုကိုတွေ့ရှိခဲ့၍ စက်သုံးဆီဆိုင်လုပ်ငန်း ၂၁၀ ခုကို အရေးယူခဲ့သည်ဟု ပြည်တွင်းကုန်သွယ်ရေးညွှန်ကြားရေးမှူးချုပ် က ဆိုသည်။
.
ဆီဖြည့်ပိုက်ခေါင်းပျက်စီးယိုယွင်းနေခြင်း၊ ဥပဒေသတ်မှတ်ထားသောညွှန်းကိန်းထက်ပို၍ အတိုး အလျော့များနေခြင်း စသည့်အချက်များကို စစ်ဆေးတွေ့ရှိခဲ့လျှင် ၆ လထက်မပိုသောထောင်ဒဏ်ဖြစ် စေ ဘတ် ၂ သောင်းထက်မပိုသောငွေဒဏ်ဖြစ်စေ ပြစ်ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ပြီး လီတာ ပြောင်းလဲပြုပြင်ထားသည်ဟုတွေ့ရှိပါက ၇ နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ ဘတ် ၂ သိန်း ၈ သောင်းထက်မပိုသောငွေဒဏ်ဖြစ်စေ ပြစ်ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ညွှန်ချုပ်က ဆိုသည်။
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ

SHARE THIS NEWS

OTHER NEWS