29 April 2024

ဓာတ်ပုံ ไทยรัฐนิวส์

 

အောက်တိုဘာ ၁ ရက်၊ ၂၀၂၁

 

၂၀၂၂ ခုနှစ်အတွက် အက်စထရာဇေနေဂါကာကွယ်ဆေးဒို့စ်သန်း ၆၀ အရောင်းအဝယ်စာချုပ်တစ်ခုကို ပြီးခဲ့သည့်စက်တင်ဘာ ၂၉ ရက်နေ့တွင် ထိုင်းရောဂါထိန်းချုပ်ရေးဦးစီးဌာနနှင့်အက်စထရာဇေနေဂါ ကုမ္ပဏီတို့ ချုပ်ဆိုခဲ့သည်ဟု ထိုင်းဒုဝန်ကြီးနှင့်ကျန်းမာရေးဝန်ကြီး အနုထင် ချာန်ဝီရကွန် က အတည်ပြုပြေ ကြားသည်။

 

အဆိုပါကာကွယ်ဆေးများကို နိုင်ငံခြားနည်းပညာဖြင့်ထိုင်းနိုင်ငံတွင်ထုတ်လုပ်လျက်ရှိပြီး ၂၀၂၂ ခုနှစ် ပထမသုံးလပတ်တွင် ၁၅ သန်းဒို့စ်၊ ဒုတိယသုံးလပတ်တွင် ၃၀ သန်းဒို့စ်၊ တတိယသုံးလပတ်တွင် ၁၅ သန်းဒို့စ်အသီးသီးပေးအပ်ရမည်ဟု ဝန်ကြီးကဆိုသည်။

 

ထို့ပြင် ၂၀၂၁ ခုနှစ်တွင် အက်စထရာဇေနေဂါကာကွယ်ဆေး ၆၁ သန်းဒို့စ်မှာယူထားပြီး စာချုပ်တွင်ဖော်ပြထားသည့်အချိန်ကာလနှင့်အညီလက်ခံရရှိနေသည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

 

 

ထို့ကြောင့် ထိုင်းနိုင်ငံအနေဖြင့် ရာထားချက်အတိုင်းကာကွယ်ဆေးဖြန့်ဝေပေးနိုင်ခဲ့ပြီး ၂၀၂၁နှစ်ကုန်တွင် ကာကွယ်ဆေးတစ်ချောင်းထိုးနှံထားသည့်လူဦးရေ ၈၅ ရာခိုင်းနှုန်းနှင့် နှစ်ချောင်းထိုးနှံထားသည့်လူဦးရေ ၇၄ ရာခိုင်နှုန်းပြည့်မီအောင်အကောင်အထည်ဖော်ဆောင်နိုင်မည်ဟု ဆိုသည်။

 

တချိန်တည်းတွင် စိုင်းနိုးဗက်ကာကွယ်ဆေးတစ်ချောင်းထိုးနှံထားသူကို ၃ ပတ်မှ ၄ ပတ်ခြားပြီး အက်စထာရာဇေနေဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး စိုင်းနိုးဗက်နှစ်ချောင်းထိုးနှံထားသူများကိုကိုယ်ခံအားစနစ်ပိုမိုကောင်းမွန်ရန် အက်စထရာဇေနေဂါ Boost တစ်ချောင်းထပ်မံထိုးနှံပေးနေသည်ဟု ဆိုသည်။

 

အနာဂတ်တွင် ပထမတစ်ချောင်းကိုအက်စထာရာဇေနေဂါထိုးနှံပေးပြီး ဒုတိယတစ်ချောင်းကိုဖိုက်ဇာထိုးနှံပေးသည့်ကြက်ခြေခတ်ကာကွယ်ဆေးဖော်မြူလာကိုအသုံးပြုရန်အလားအလာရှိသည်ဟု ကျန်းမာရေးဝန်ကြီးကဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS