10 May 2024

ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် မြန်မာတစ်ဦး လက်ပံခါးပင်ပေါ်ကိုင်းတက်ရှင်းရာမှ လက်ပံခါး အပွင့်မှထွက်ရှိသည့်အနံ့ဆိုးကိုမခံနိုင်၍ အပင်ပေါ်တန်းလန်းသတိလစ်။

 

ယမန်နေ့ (နိုဝင်ဘာ ၈ ရက်) နေ့လယ် ၁၃.၄၅ နာရီခန့်တွင် ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်မြို့ရှိ နာမည် ကြီးဈေးဝယ်စင်တာတစ်ခု၏ဝင်းအတွင်းရှိလက်ပံခါးပင်များကိုအပင်ပေါ်တက်ပြီးကိုင်းရှင်းပေးသည့်မြန်မာလုပ်သားတစ်ဦးသည်အပွင့်မထွက်ရှိသည့်အနံ့ဆိုးကိုမခံနိုင်၍ အပင်ပေါ်တန်းလန်းသတိလစ်သွားခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့မှလာရောက်သယ်ချခဲ့ရသည်ဟု Chaing Mai News သတင်းဌာနမှဖော်ပြထားသည်။

 

ထို့နောက် အရေးပေါ်ကားဖြင့် ချင်းရိုင်ပရာချာနုခရော့ဆေးရုံသို့ပို့ဆောင်၍ အရေးပေါ်ဆေးကုသမှု ပေးခဲ့ရသည်ဟု ရေးသားထားသည်။

 

အဆိုပါ မြန်မာအမျိုးသားသည် ၅ မီတာခန့်မြင့်သည့် လက်ပံခါးပင်ပေါ်တက်၍ ကိုင်းရှင်းပေးနေစဉ်အနံ့မခံနိုင်၍ ၄ မီတာခန့်မြင့်သည့်နေရာတွင် မတ်တပ်ရပ်လျှက်သတိလစ်သွားခဲ့ပြီးနောက် ကယ်ဆယ်ရေးဝန်ထမ်းမှသတိပြန်ဝင်လာအောင် အသက်ကယ်ခဲ့ရသည်ဟု ဆိုသည်။

 

ယင်းမြန်မာအမျိုးသားသည် အသက် ၄၇ နှစ်ရှိ မောင်အေးဖြစ်ပြီး နေပူဒဏ်နှင့်လက်ပံခါးပွင့်အနံ့ဆိုးဒဏ်ကြောင့်သတိလစ်သွားခြင်းဖြစ်နိုင်သည်ဟု ဆေးပညာရှင်များက ခန့်မှန်းထားသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS