26 April 2024

ထိုင်းဗိုင်းရပ်ပညာရှင်များ၏နှာခေါင်းမှဖျန်းရသည့်ကိုဗစ်-၁၉ကာကွယ်ဆေးအမျိုးအစား ၂ ခု ပထမအဆင့်စမ်းသပ်မှုအောင်မြင် လူတွင်စမ်းသပ်ရန်ပြင်ဆင်နေ။

ထိုင်းအမျိုးသားသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေးဌာနရှိ သုတေသနအဖွဲ့မှစမ်းသပ်ထုတ်လုပ်နေသော နှာခေါင်းမှဖျန်းရသည့်ကိုဗစ်-၁၉ ကာကွယ်ဆေးလုပ်ငန်းစဉ်သည် ပထမအဆင့်အောင်မြင်ပြီဟု ဗိုင်းရပ်စ်ပညာရှင် ဒေါက်တာအနန် ကျွန်ကက်ယောက်ဝတ္ထနာ ကဆိုသည်။

ဗိုင်းရပ်စ်ဗက်တာ (Viral vector) နှင့်ပတ်သက်ပြီး ကျွမ်းကျင်မှုရှိသော ထိုင်းအမျိုးသားသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေးဌာနက နှာခေါင်းမှတဆင့်ဖျန်းရသည့်ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ မျိုးကိုစမ်းသပ်နေသည်ဟု ဆိုသည်။

ပထမအမျိုးအစားမှာ ရာသီတုပ်ကွေး (Influenza virus) ဗိုင်းရပ်စ်ကိုအားပျော့သွားအောင်ပြုပြင်လိုက်ပြီး ကိုဗစ်စပိုက်(Spike) နှင့်ပေါင်းစပ်ထားသည့်အမျိုးအစားဖြစ်သည်။ အဆိုပါအမျိုးအစားကို ကြွက်သွေးဖြင့်စမ်းသပ်ရာတွင် ကြွက်အဆုတ်တွင်ပဋိပစ္စည်းမြင့်

မားလာသည်ကိုတွေ့ရသည်။ ကြွက်ဖြင့်စမ်းသပ်သည့်ရလဒ်ကို ရိုက်နှိပ်ဖြန့်ဝေထားပြီဖြစ်ကာ ဆေးဝါးအကျွမ်းကျင်အဖွဲ့ချုပ်နှင့်ပူးပေါင်းပြီး ထိရောက်မှုရှိမရှိဆက်လက်စမ်းသပ်သွားမည်ဟု ဗိုင်းရပ်စ်ပညာရှင်ကဆိုသည်။

အမျိုးသားကာကွယ်ဆေးအင်စတီကျုထံမှရရှိထားသော သုတေသနထောက်ပံ့ကြေးဖြင့်စမ်းသပ်လျက်ရှိသောဒုတိယအမျိုးအစားမှာ ပရိုတိန်းစပိုက်(Spike) ပါရှိသော အဒီနိုဗိုင်းရပ်စ် (Adenovirus) ကို နှာခေါင်းထဲသို့ဖျန်းထည့်ရသောအမျိုးအစားဖြစ်သည်။

ကာကွယ်ဆေး ၂ ကြိမ်ဖျန်းပေးထားသည့်ကြွက်ကိုယ်တွင်းသို့ကိုဗစ်ပိုးထိုးထည့်ပြီးစမ်းသပ်ရာတွင် နာခြင်း၊ သေဆုံးခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်းမရှိဘဲ အစာပုံမှန်စားနိုင်သည်ကို တွေ့ရသည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

လတ်တလောတွင် သုတေသနအဖွဲ့မှ ကြွက်ကိုယ်တွင်းရှိဗိုင်းရပ်စ်ပမာဏကိုစောင့်ကြည့်နေပြီး လူတွင်အဆင့် ၁ နှင့် အဆင့် ၂ စမ်းသပ်နိုင်ရန်အတွက် ထိုင်းစားသောက်ကုန်နှင့်ဆေးဝါးကွပ်ကဲရေးရုံးထံ ခွင့်ပြုချက်ရယူသွားမည်ဟု ဆိုသည်။

SHARE THIS NEWS

OTHER NEWS