26 April 2024

ထိုင်း – ကမ္ဘာဒီးယားနယ်စပ်မှာလည်း အထောက်ထားမဲ့လုပ်သားတွေ နေ့စဉ်ခိုးဝင်လာနေကြတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။ စက်တင်ဘာလ ၂၀ (ယနေ့) မနက်အစောပိုင်းက ကား ၅ စီးနဲ့ ခိုးဝင်လာတဲ့ အထောက်အထားမဲ့ ကမ္ဘောဒီးယားနိုင်ငံသား အယောက် ၆၀ ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

 

အိမ်စီးကားနဲ့ ဟိုင်းလပ်ကား စုစုပေါင်း ၅ စီးမှာ တစ်စီးလျင် ၁၀ ဦးထက်မနည်းတင်ဆောင်လာပြီး နယ်စပ်ဖြတ်ကျော်ပြီး ခိုးဝင်ရန်ကြိုးစားနေစဉ် ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ဖေါ်ပြထားပါတယ်။

 

 

 

ဖမ်းဆီးရမိခဲ့တဲ့ အထောက်အထားမဲ့ ၆၀ ဦးထဲမှာ ကလေး ၆ ယောက်လည်းပါဝင်နေပါတယ်။ ခိုးဝင်လုပ်သားတွေကို တင်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား ၆ ဦးကိုလည်း အာဏာပိုင်တွေက ထိန်းသိမ်းထားပြီး ဉပဒေအရထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောပါတယ်။

 

 

 

 

ဖမ်းဆီးရမိသူတွေကို မေးမြန်းကြည့်ရာ ၎င်းတို့ဟာ လုပ်သားပြတ်လပ်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အလုပ်သွားလုပ်ဖို့အတွက် လူပို့ပွဲစားကို တစ်ဦးလျင် ဘတ် ၄၀၀၀ ကနေ ဘတ် ၆၅၀၀ ပေးပြီး စွန့်စားဝင်ရောက်လာခဲ့တာလို့ဆိုကာ အများစုက သူတို့နေရင်းနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ၁ ကြိမ်ထိုးထားပြီးပြီဖြစ်တယ်လို့သိရပါတယ်။

 

 

 

ထိုင်းအစိုးရက ဘတ်အသစ်လုပ်ပေးမယ်လို့ ကြေညာခဲ့ပြီးနောက် နယ်စပ်ဂိတ်တွေမဖွင့်သေးတာကြောင့် နေရင်းနိုင်ငံမှာ သောင်တင်နေကြတဲ့ ၃ နိုင်ငံလုပ်သားတွေဟာ အောက်လမ်းက နေ့စဉ်လို ခိုးဝင်လာနေကြတာပါ။ ဒီတစ်ခေါက်ခိုးဝင်လုပ်သားအများအပြား ဖမ်းဆီးရမိပြီးနောက် အာဏာပိုင်တွေက နယ်စပ်ဂိတ်ကို လုံခြုံရေးတိုးမြှင့်ချမှတ်ထားတယ်လို့ လည်းသိရပါတယ်။

SHARE THIS NEWS

OTHER NEWS