27 April 2024

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ငြမ်းမှပြုတ်ကျကာ ဂဟေဆော်သူနှစ်ဦး ဒဏ်ရာရရှိခဲ့။
Pol Srisacha ရဲစခန်းမှ တာဝန်ကျအရာရှိ ရဲမှူးကြီး Chalermkiat Pinsprathane သည် အခင်းဖြစ်ပွားသည့် သတင်းအား လက်ခံရရှိပြီး ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက် စစ်ဆေးခဲ့သည်။ဒီအဖြစ်အပျက်ဟာ Surasak ခရိုင်ခွဲက ဆောက်လုပ်ဆဲ ဂိုဒေါင်တစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။ဒဏ်ရာရရှိသူ နှစ်ဦးမှာ ဦးခေါင်း ပွင့်ထွက် ဒဏ်ရာများဖြင့် အသက် ၄၆ နှစ်၊ မစ္စတာ ချိုင်ဝပ်နဲ့ အသက် ၅၄ နှစ်၊ ဆာရီ ကတော့ ညာခြေထောက် ကျိုးသွား ခဲ့ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးစလုံးသည် ဂဟေဆော်သူများဖြစ်သည်။ တာဝန်ရှိသူများက ၎င်းတို့အား Laem Chabang ဆေးရုံသို့ အရေးပေါ် ကုသရန် ပို့ဆောင်ခြင်းမပြုမီ ပဏာမ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။အခင်းဖြစ်ပွားမှုကို မြင်တွေ့ခဲ့သည့် မစ္စတာ Montree အမည်ရှိ မျက်မြင်သက်သေတစ်ဦး၏ ပြောကြားချက်အရ Chaiwat နှင့် Saree တို့သည် အမြင့် 6 မီတာခန့်ရှိ ငြမ်းတစ်ခု၏ထိပ်တွင် စတီးဘောင်များကို ဂဟေဆော်နေကြသည်ဟု သိရသည်။ နေရာကို ရွှေ့ရန် အောက်ခြေ အလုပ်သမားများကို ညွှန်ကြားထားစဥ် မရည်ရွယ်ဘဲ ကျောက်တုံးနှင့် တိုက်မိမှုကြောင့် ငြမ်းသည် တိမ်းစောင်းပြိုကျကာ Chaiwat နှင့် Saree ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနေရာသို့ပဏာမစုံစမ်းစစ်ဆေးခဲ့ပြီးသက်သေအထောက်အထားများ မှတ်တမ်းတင်ခဲ့သည်။ ဒဏ်ရာရရှိသူတွေကို ဆေးရုံက ပြန်လွှတ်ပေးပြီးတာနဲ့ ဖြစ်ပွားရတဲ့ အကြောင်းရင်းကို တိတိကျကျသိရှိနိုင်စေဖို့ဆင့်ခေါ်စစ်ဆေးသွားမယ်လို့ သိရပါတယ်။အဆိုပါအဖြစ်အပျက်သည် လုပ်ငန်းခွင်ဘေးကင်းရေးနှင့် သင့်လျော်သော စက်ကိရိယာအသုံးပြုမှု၏ အရေးကြီးပုံကို မီးမောင်းထိုးပြသည်။
ဆောက်လုပ်ရေးဆိုဒ်မျာႊတွင် အန္တရာယ်ကင်ႊရန် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်းကိုလည်း ထင်ဟပ်စေသည်။

SHARE THIS NEWS

OTHER NEWS