26 April 2024

,

ဩစတြေးလျ အေလိဂ်မှာကစားနေတဲ့ ဩဇီးကစားသမား ဂျွန် ကာဗယ်လိုဟာ သူ့ကိုယ်သူ ဂေးတစ်ယောက်ပါလို့ ဖွင့်ဟလိုက်ပါတယ်။

အခုလို ဖွင့်ဟလိုက်တဲ့အတွက် အယ်ဒီလိတ် ယူနိုက်တက်အသင်းသားတစ်ယောက်ဖြစ်တဲ့သူဟာ ဘောလုံးသမိုင်းတလျှောက်ပထမဆုံး LGBTQ+ ကစားသမားဖြစ်လာခဲ့ပါတယ်။

“ကျတော်ဟာဘောလုံးသမားတစ်ယောက်ဖြစ်သလို ဂေးတစ်ယောက်လည်းဖြစ်ပါတယ်။ ကျနော့်ရဲ့ဆန္ဒကတော့ ဘောလုံးကစားချင်တယ် တန်းတူဆက်ဆံမှုကိုလိုချင်တယ်” လို့ ဆိုပါတယ်။

“ဒီကိစ္စကိုသိတဲ့နောက်မှာ ကျနော့်အပေါ်ဘောလုံးပရိသတ်တွေရဲ့အမြင်ကွဲပြားသွားမယ်၊ ဆက်ဆံရေးပြောင်းလဲသွားမယ်၊ မကောင်းတဲ့ဘက်ကပြောဆိုကြမယ်၊ သရော်လှောင်ပြောင်ကြမယ်လို့ကျနော်ထင်ခဲ့တာ။ ဒါပေမဲ့ အဲသလိုမဖြစ်ခဲ့ပါဘူး ကျတော်အပေါ်ပိုပြီးအသိအမှတ်ပြုလာကြတာကိုတွေ့ရပါတယ်” လို့ ကာဗယ်ကဆိုပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS