10 May 2024

,

၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံဗီယက်နမ်အသင်းကိုကျော်လွှာပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့လျင် ဆုကြေးငွေ ဘတ် ၁၀ သန်းချီးမြှင့်မည်ဟု ထိုင်းဘောလုံးအဖွဲ့ချုပ်ဉက္ကဋ္ဌ ဆို။

စင်ကာပူနိုင်ငံတွင်ကျင်းပလျက်ရှိသည့် ၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲ အကြိုဗိုလ်လုပွဲအဆင့်တွင် ဒေသ တွင်းအစဉ်အလာကြီးမားသည့်ထိုင်းအသင်းနှင့် လက်ရှိချန်ပီယံဗီယက်နမ်အသင်းတို့ထိပ်တိုက်တွေ့ဆုံ နေပြီး ရွှေကြယ်အသင်းကိုအနိုင်ယူပြီး ဗိုလ်လုပွဲအဆင့်ကိုတက်ရောက်နိုင်ခဲ့လျင် ဆုကြေးငွေဘတ် ၁၀ သန်းကို အိတ်စိုက်ပြီးချီးမြှင့်သွားမည်ဟု ထိုင်းဘောလုံးအဖွဲ့ချုပ် ဉက္ကဋ္ဌ ရဲဗိုလ်ချုပ်ကြီး ဒေါက်တာ ဆွမ်းယွတ် ဖူ့ဖန်မွန့် ကဆိုသည်။

ကစားသမားများနှင့်နည်းပြအဖွဲ့ဝင်များ စိတ်ဓာတ်ခွန်အားဖြစ်စေရေးအတွက် ဆုကြေးချီးမြှင့်ခြင်းဖြစ်သည်ဟု ဥက္ကဋ္ဌ ကဆိုသည်။

ဗီယက်နမ်းအသင်းသည် ပြီးခဲ့သည့်နှစ်များအတွင်း သိသိသာသာခြေစွမ်းတိုးတက်လာပြီး ထိုင်းအသင်းနှင့်အကြိတ်အနယ်ရှိလာသည်ဟု ဆိုသည်။ ယခုတွေ့ဆုံမှုသည် ဘယ်အသင်းကပိုကောင်းသလဲဆိုသည်ကိုအဆုံးအဖြတ်ပေးမည်ဖြစ်၍ ဘောလုံးပရိသတ်များ၏အာရုံစိုက်မှုကိုခံထားရသည့်ပွဲစဉ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဒီဇင်ဘာ ၂၃ ရက်နေ့နှင့်၂၆ ရက်နေ့များတွင် ၂ ကျော့ကစားသွားမည်ဟုသိရသည်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS