14 May 2024

ဓာတ်ပုံ หนีเที่ยว

 

စက်တင်ဘာ ၂၃ ရက်၊ ၂၀၂၁

 

ကာကွယ်ဆေးထိုးနှံမှုနောက်‌နှေးနေခြင်းကြောင့် လာမည့်အောက်တိုဘာ ၁ ရက်နေ့တွင် ခရီးသွားလာခွင့်ပြုရန် စီစဉ်ထားသည့်ခရိုင် ၅ ခုကို စက်တင်ဘာ ၁ ရက်နေ့သို့ရွှေ့ဆိုင်းဖွယ်ရှိ။

 

လာမည့်အောက်တိုဘာ ၁ ရက်နေ့တွင် ခရီးသွားလာခွင့်ပြုမည့်ခရိုင် ၅ ခု၌ ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံထားသည့်လူဦးရေ ၇၀ ရာခိုင်နှုန်းပြည့်မီခြင်းမရှိသေးခြင်းကြောင့် နိုဝင်ဘာ ၁ ရက်နေ့သို့ရွှေ့ဆိုင်းပြီးခရီးသွားခွင့်ပြုသင့်သည်ဟု ထိုင်းရောဂါထိန်းချုပ်ရေးညွှန်ကြားရေးမှူးချုပ် က ဆိုသည်။

 

အုပ်စုလိုက်ကိုယ်ခံအား (herd immunity ) တည်ဆောက်ခြင်းစံသတ်မှတ်ချက်အရ ပြည်သူ ၇၀ ရာခိုင်နှုန်းတွင်ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံထားရန်လိုအပ်၍ လက်ရှိအခြေအနေအရ လာမည့်အောက်တိုဘာလကျမှသာ ၇၀ ရာခိုင်နှုန်းပြည့်မီအောင်ထိုးနှံပေးနိုင်မည်ဖြစ်၍ ခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် လာမည့် နိုဝင်ဘာ ၁ ရက်နေ့သို့ရွှေ့ဆိုင်း၍ ခရီးသွားလာခွင့်ပြုသင့်သည် ဟု ၎င်းကဆက်လက်ပြောကြားသည်။

 

အောက်တိုဘာ ၁ ရက်နေ့တွင် ခရီးသွားလာခွင့်ပြရန်ရာထားသည့်ခရိုင် ၅ ခုတွင် မြို့တော်ဗန်ကောက်၊ချင်းမိုင်ခရိုင် (ချင်းမိုင်မြို့နယ်၊ မဲ့ရင်မြို့နယ်၊ မဲ့တိန်မြို့နယ်၊ ဒွယ်တောင်မြို့နယ်)၊ ချွန်ဘူရီခရိုင် (ပတ္တယား မြို့နယ်၊ ဘန်လမွန်မြို့နယ်၊ စတ္တဟစ်မြို့နယ်)၊ ဖစ်ဘူရီခရိုင် (ချအမ်မြို့နယ်)၊ ပရာကျွပ်ခီရီခန်းခရိုင် (ဟွားဟင်းမြို့နယ်) တို့ပါဝင်သည်ဟု သိရသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS