5 May 2024

,

ရုပ်ရှင်မင်းသမီး “ဝေါင်ဝါ – နိချာချို့ပရကျက်” က ကိုဗစ်ကာလမှာ သူမတတ်နိုင်တဲ့ဘက်ကနေ Bangkok Community Help Foundation လူမှုကူညီရေးအသင်းမှာ လိုက်လံဆောင်ရွက်ပေးနေတာတွေ့ရပါတယ်။

မကြာသေးမီက သူမကြုံတွေ့ခဲ့ရတဲ့ ကေ့စ်တစ်ခုကို မင်းသမီး “ဝေါင်ဝါ” က သူမရဲ့အင်စတာဂရမ်အကောင့် @wawwa_nc မှာ အခုလိုရေးပြီး ဝေမျှခဲ့ပါတယ်။

“ကိုဗစ်ကြောင့်သေဆုံးသွားခဲ့တဲ့လူနာအိမ်ကိုကျွန်မတို့ရောက်ရောက်ချင်း မူကြိုအရွယ်သမီးလေးတစ်ဦး ကျွန်မတို့ဆီပြေးလာပါတယ်။ *အမတို့စောင်ပါကြလားရှင် သမီးအမေကို ခြုံပေးမလို့ပါ သမီးအမေ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်နေတာပဲ* လို့ သမီးလေးက ကျမတို့ကို ပြောလာတာပါ။ ကျွန်မတို့ကို ရင်ထဲ စို့နင့်သွားစေခဲ့ပါတယ်။ တကယ်တမ်းက ကလေးလေးရဲ့မိခင်က ကျွန်မတို့မရောက်ခင် ဆုံးသွားတာ ၁၅ မိနစ်ခန့်ရှိပြီလို့သိရပါတယ်”

လို့ရေးသားထားခဲ့တာပါ။

ထပ်မံပြီး ဝေါင်ဝါးက ထိုင်းပြည်သူတွေကို လူမှုကူညီရေးလုပ်နေတဲ့အဖွဲ့တွေကို ကာကွယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးကြဖို့ကို လည်း တိုက်တွန်းပေးထားတာကိုတွေ့ရပါတယ်။

SHARE THIS NEWS

OTHER NEWS