3 May 2024

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း လွဲအက်ခရိုင်တွင် အသက် ၁၉ နှစ်ရှိ လိင်ပြောင်းပြည့်တန်ဆာခေါင်းကို လူကုန်ကူးမှုဖြင့်အသွင်ယူ ဖမ်းဆီး။

 

ချာနွန်(ခေါ်) ပမ် ဆိုသူ လိင်ပြောင်းအမျိုးသမီးကို ယမန်နေ့တွင် လွဲအက်မြို့ပေါ်ရှိ ဟိုတယ်တစ်ခု၌လူကုန်တားရဲတပ်ဖွဲ့မှအသွင်ယူဖမ်းဆီးနိုင်ခဲ့ပြီး တရားဉပဒေအရ ထိထိရောက်ရောက်အရေးယူဆောင်ရွက်နိုင်ရန် စုံစမ်းစစ်ဆေးရေးအရာရှိထံ ပို့ဆောင်ထားသည်ဟု ထိုင်းရတ်သတင်းဌာနမှဖော်ပြထားသည်။

 

၎င်းသည်ညဘက်တွင်အလည်ထွက်လေ့ရှိပြီး ဧည့်သည်များကြိုက်နှစ်သက်သည့်အသက် ၁၅ နှစ်မှ ၁၈ နှစ်ရှိသူအမျိုးသမီးများကို တစ်ဦးလျှင် ဘတ် ၁,၆၀၀ မှ ၃,၀၀၀ နှုန်းဖြင့်ရှာဖွေပေးပြီး အကျိုးဆောင်ခအဖြစ်ဘတ် ၅၀၀ မှ ၆၀၀ ဖြတ်ယူသည်ဟု ထွက်ဆိုသည်။

 

တဆက်တည်းတွင် မူးယစ်ဆေးဝါးဝယ်ယူသုံးစွဲရန်နှင့်ချစ်သူကောင်လေးကိုကျွေးမွေးရန်အတွက် ငွေလိုအပ်၍ အဆိုပါအလုပ်ကိုမဖြစ်မနေလုပ်ဆောင်ရခြင်းဖြစ်သည်ဟု ဆိုသည်။

 

ရဲတပ်ဖွဲ့မှ၎င်းအား ကာလအတန်ကြာခြေရာခံစောင့်ကြည့်ခဲ့ပြီးနောက် လွဲအက်မြို့ပေါ်ရှိဟိုတယ်တစ်ခုတွင် အမျိုးသမီးတစ်ဦးလာပို့ပေးရန်အသွင်ယူရာ အသက် ၁၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့်အတူ ချာနွန်ရောက်ရှိလာပြီး အမျိုးသမီးကိုအပ်ပြီးနောက်ငွေလက်ခံပြီးချိန်တွင် အသင့်ဝိုင်းထားသောရဲတပ်ဖွဲ့မှဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု သိရသည်။

 

ထို့ပြင် ဘတ် ၁၀၀ တန်ငွေစက္ကူ ၈ ရွက်၊ စမတ်ဖုန်း ၁ လုံး၊ စလွယ်အိတ် ၁ လုံး၊ အိုက်စ်မူးယစ်ဆေး ၀.၂၉ ဂရမ်၊ အနက်-နီရောင်မော်တော်ဆိုင်ကယ် ၁ စင်း စသည့်သက်သေခံပစ္စည်းများကို သိမ်းဆည်းရမိခဲ့ သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

 

ချာနွန်ဆိုသူသည် ယခင်ကလည်းဖမ်းဆီးခံခဲ့ရဖူးပြီး အသက်မပြည့်သေး၍ အကျဉ်းမကျဘဲ လူငယ် သင်တန်းကျောင်းတွင်နေထိုင်ခဲ့ရကာ မကြာသေးမီကလွတ်မြောက်လာသည်ဟု ဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS