10 May 2024

ဩဂုတ် ၃၁ ရက်၊ ၂၀၂၁

 

ဘုန်းကြီးကျောင်းအတွင်း အရက်ဘီယာသောက်စား၍ဖမ်းဆီးခံရသည့် ချင်းမိုင်ရဟန်း ၇ ပါး လူဝတ်လဲပြီ

 

ပြီးခဲ့သည့်ဩဂုတ် ၂၉ ရက် ည ၉ နာရီအချိန်ခန့်တွင် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ဝပ်ပန်ဆောင်း ဘုန်းကြီးကျောင်း၌ ကျောင်းထိုင်အပါအဝင်

ရဟန်း ၇ ပါးနှင့် အရပ်သား ၁ ဦး ကျောင်းဘုရားခန်းရှေ့တွင် အရက်ဘီယာပါဝင်သည့်ဟော့ပေါ့ပါတီပွဲအတူလက်စုံနွှဲကြသည်ကို နယ်မြေခံရဲတပ်ဖွဲ့

မှဝင်ရောက် ဖမ်းဆီး ပြီးနောက် အယ်ကိုဟောစစ်ဆေးကြည့်ရာအရက်ဘီယာသောက်သုံးထားသည်ဟု အတည်ပြု နိုင်ခဲ့သည်။

 

ထို့နောက်ဖူဖင်နယ်မြေရဲစခန်းသို့ပင့်သွားပြီး လူစုဝေးမှုဖြင့် ရောဂါထိန်းချုပ်ရေးအက်ဉပဒေနှင့်အရေးပေါ်ထုတ်ပြန်ချက်များဖြင့်အရေးယူပြီးနောက်

ရဟန်းဝိနည်းဆိုင်ရာပြစ်ဒဏ်ချမှတ်နိုင်ရန်အတွက် ခရိုင်သံဃာ့နာယကထံလျှောက်ထားခဲ့သည်။

 

ဆက်လက်ပြီး ဩဂုတ် ၃၀ ရက်နေ့တွင် အဆိုပါအမှုတွဲကို တရားရုံးထံဦးတိုက်လျှောက်ထားခဲ့ပြီး တရားရုံးမှ ၈ ဦးစလုံးကို ငွေဒဏ်ဘတ် ၁,၀၀၀ နှင့်

၁ နှစ်ဆိုင်းငံ့ထောင်ဒဏ် ၁၅ ရက်ချမှတ်ခဲ့သည်။ထို့ပြင် ၄ ဦးကို သာသနိကအဆောက်အဦးအတွင်းအရက်ဘီယာသောက်စားမှုဖြင့် သီခြားငွေဒဏ်

ဘတ် ၂,၅၀၀ စီချမှတ်ခဲ့သည်ဟု သိရသည်။

 

ထို့နောက် ဩဂုတ်လ ၃၀ ရက်နေ့ ည ၇ နာရီခန့်တွင် အဆိုပါရဟန်း ၇ ပါးသည် ချင်းမိုင်ခရိုင်၊ ချင်းမိုင် မြို့နယ်၊ ချန်းခလန်ကျေးရွာအုပ်စုရှိ

ဉပဂုတ္တဘုန်းကြီးကျောင်းတွင် ခရိုင်သံဃာ့နာယကထံလူဝတ်လဲ ခွင့်လျှောက်ထားပြီးနောက် လူထွက်လိုက်ကြပြီဟု သိရှိရသည်။

SHARE THIS NEWS

OTHER NEWS