29 April 2024

ဓာတ်ပုံ ไทยรัฐนิวส์

 

စက်တင်ဘာ ၃၀ ရက်၊ ၂၀၂၁

 

အောက်တိုဘာ ၁ ရက်နေ့မှစ၍ ဆေးလိပ်အခွန်ကို ၂၅ ရာခိုင်နှုန်းမှ ၄၂ ရာခိုင်နှုန်းအဖြစ်တိုးမြှင့်ကောက်ခံမည့် ထိုင်းယစ်မျိုးအခွန်ထုတ်ပြန်ချက် ဘီအီး ၂၅၆၄ ကို ထိုင်းတော်ဝင်ပြန်တမ်း ထုတ်ပြန်။

 

မနက်ဖန် (အောက်တိုဘာ ၁ ) ရက်နေ့မှစ၍ ပြည်တွင်းထုတ်ဆေးလိပ်အခွန်ကို တစ်လိပ်လျှင် ၁.၂၅ ဘတ် တိုးမြှင့်ကောက်ခံမည်ဖြစ်၍ ပြည်တွင်းထုတ်ဆေးလိပ်တစ်ဘူးဆေးနှုန်းကို ၆၀ ဘတ်မှ ၇၂ ဘတ်ဈေးနှုန်းမြှင့်လာမည်ဖြစ်ပြီး လူကြိုက်များသောဆေးလိပ်တစ်ဘူးလျှင် ၁၁၀ ဘတ်မှ ၁၁၅ ဘတ်ရှိလာမည်ဖြစ်ကာ နိုင်ငံခြားဆေးလိပ်တစ်ဘူးလျှင် ၁၅၅ ဘတ်မှ ၁၆၀ ဘတ်ရှိလာမည်ဟု သိရသည်။

 

ထိုသို့ယစ်မျိုးအခွန်နှုန်းထားတိုးမြှင့်လိုက်ခြင်းကြောင့် ယခင်ကဆေးလိပ်တစ်လိပ်လျှင် အခွန် ၁.၂၀ ဘတ်၊ တစ်ဘူးလျှင် ၂၄ဘတ်ရှိရာမှ အောက်တိုဘာ ၁ ရက်နေ့မှစ၍ တစ်လိပ်လျှင် ၁.၂၅ ဘတ်၊ တစ် ဘူးလျှင် ၂၅ ဘတ်ရှိလာမည်ဟု သိရသည်။

 

ထို့ပြင် ယခင်က လက်လီဈေးတစ်ဘူးလျှင် ဘတ် ၆၀ အောက်ရောင်းချနေသည့်ဆေးလိပ်များသည် အခွန် ၂၀ ရာခိုင်နှုန်းပေးဆောင်ရမည်ဟုဖော်ပြထားရာမှ အောက်တိုဘာ ၁ ရက်နေ့မှစ၍ လက်လီဈေး တစ်ဘူးလျှင် ၇၂ ဘတ်မပိုသောဆေးလိပ်သည် ၂၅ ရာခိုင်နှုန်းအခွန်ပေးဆောင်ရမည်ဟု ပြောင်းလဲဖော်ပြထားသည်။ တစ်ဘူးလျှင် ၇၂ ဘတ်အထက်ရောင်းချနေသောဆေးလိပ်များသည် ယခင်ကအခွန် ၄၀ ရာခိုင်နှုန်းသတ်မှတ်ထားရာမှ ၄၂ ရာခိုင်နှုန်းပေးဆောင်ရတော့မည်ဟု သိရသည်။

 

ယျေဘုယအားဖြင့် ၅၅ ဘတ်တန်ဆေးလိပ်တစ်ဘူးသည် ၆၀ ဘတ်ဖြစ်လာနိုင်ပြီး ၆၀ ဘတ်တန်ဆေးလိပ်တစ်ဘူးသည် ၇၀ ဘတ် မှ ၇၂ ဘတ်ဖြစ်လာနိုင်သည်ဟုသိရသည်။

 

တချိန်တည်းတွင် လူကြိုက်များသောဆေးလိပ်များသည် ယခင်ကတစ်ဘူးလျှင် ၉၅ ဘတ်ရှိရာမှ ၁၁၀ ဘတ် မှ ၁၁၅ ဘတ်ဖြစ်လာနိုင်ပြီး နိုင်ငံခြားဆေးလိပ်များသည် တစ်ဘူးလျှင် ၁၄၅ တဘ် မှ ၁၅၀ ဘတ်ရှိရာမှ ၁၅၅ ဘတ်မှ ၁၆၀ ဘတ်ရှိလာမည်ဟု သိရသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS