5 May 2024

ဓာတ်ပုံ Aung Zin Phyo

 

ထိုင်းနိုင်ငံအတွင်းနေထိုင်လုပ်ကိုင်လျက်ရှိသည့် ရွှေ့ပြောင်းလုပ်သာများ နှင့် စစ်ဘေးရှောင်များကို အရှိန်မြှင့်တင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်ဟု ထိုင်းကျန်းမာရေးအမြဲတမ်းအတွင်းဝန် ဆို။

 

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းစ၍ အများပြည်သူအား ကိုဗစ်-၁၉ကာကွယ် ဆေးထိုးနှံပေးလျက်ရှိပြီး ယခုအချိန်ထိ ဒို့စ်ပေါင်း ၈၄ သန်းကျော် (၈၄,၄၆၇,၃၇၁)ထိုးနှံထားပြီဖြစ်ကာ ကာကွယ်ဆေး (၁)ချောင်းထိုနှံထားသူစုစုပေါင်း ၄၅ သန်းကျော် (၄၅,၂၀၄,၅၅၃) ရှိပြီး လူဦးရေ၏ ၆၂.၈% ရှိသည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ကီယက်တီဖွန် ဝန်ရကျစ် ကဆိုသည်။

 

 

တဆက်တည်းတွင် တရားဝင်နှင့်တရားမဝင်လုပ်သားများဖြစ်ကြသော ထိုင်းကမ်းရိုးတန်းခရိုင် ၂၁ ခုရှိလှေလုပ်သာများနှင့်ငါးလုပ်ငန်းလုပ်သားများ၊ စက်ရုံအလုပ်ရုံ/အိမ်အကူလုပ်သားများ၊ နယ်စပ်ဒေသရှိရွှေ့ပြောင်းလုပ်သာများ၊ ရတ်ချဘူရီခရိုင်၊ ကန်ကျနဘူရီခရိုင်၊ မယ်ဟောင်ဆောင်ခရိုင်နှင့်တာ့ခ်ခရိုင်များရှိစစ်ဘေးရှောင်များအပါအဝင် ထိုင်းနိုင်ငံသားမဟုတ်သောအခြားအုပ်စုများကိုလည်း အရှိန်မြှင့်တင်ပြီးကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်ဟု အမြဲတမ်းအတွင်းဝန်က ဆိုသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS