26 April 2024

စက်တင်ဘာ ၂၄ ရက်၊ ၂၀၂၁

 

ဒီပရက်ရှင်မုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာ ၂၄-၂၅ ရက်နေ့တွင် မိုးကြီးနိုင်ပြီး ရေကြီးရေလျှံခြင်းနှင့်‌တောင်ကျချောင်းရေသတိထားရန် ထိုင်းမိုးဇလ သတိပေး

 

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်နေသည့် ဒီပရက်ရှင်မုန်တိုင်း၏အရှိန်ကြောင့် လာမည့်စက်တင်ဘာ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့များတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရုတ်တရက်ရေကြီးရေလျှံခြင်းနှင့်တောင်ကျချောင်းရေအန္တရာယ်သတိထားကြရန် ထိုင်းမိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ သတိပေးထုတ်ပြန်ထားသည်။

 

ယင်းမုန်တိုင်း၏အရှိန်ကြောင့် ထိုင်းနိုင်ငံအထက်ပိုင်းတွင်မိုးပိုများလာနိုင်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ အ‌ရှေ့ပိုင်း၊ မြို့တော်ဗန်ကောက်နှင့်အနီးအနားခရိုင်များတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ခြင်းကြောင့် ရုတ်တရက်ရေကြီးရေလျှံခြင်းနှင့်တောင်ကျချောင်းရေအန္တရာယ်များကိုသတိထားနေထိုင်ကြရန် သတိပေးထုတ်ပြန်ထားသည်။

.

စက်တင်ဘာ ၂၅ ရက်နေ့များတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရုတ်တရက်ရေကြီးရေလျှံခြင်း၊ တောင်ကျချောင်းရေအန္တရာယ်နှင့်လေပြင်းတိုက်ခတ်ခြင်းရင်ဆိုင်ရနိုင်တဲ့ခရိုင်များကတော့ ထိုင်းနိုင်ငံမြောက်ပိုင်း: မဲဟောင်းဆောင်၊ ချင်းမိုင်၊ လန်းပွန်း၊ လန်းပန်း၊ ဖလယ့်၊ အုတရဒစ်၊ စူခိုထိုင်၊ ဖိစနုလို့တ်၊ ကန်ဖဲဖေ့ချ်၊ ဖိကျစ်နှင့် ဖေ့ချာဘွန်ခရိုင်များ

 

-ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း: လေ၊ နောင်ဘွန်လန်ဖူး၊ နောင်ခိုင်၊ အုဒွန်ဌာနီ၊ ခွန်ကင်၊ လွယ်အက်၊ ကာလဆင်၊ မဟာဆလခမ်၊ နခွန်ရာ့ချာစီမာ၊ ဘူရီရာမ်နှင့်စူလင်ခရိုင်များ

 

-ထိုင်းနိုင်ငံအရှေ့ပိုင်း: နခွန်နာယုတ်၊ ပရာကျင်ဘူရီ၊ ဆာကယောက်၊ ချာခြိုမ်ဆောင်၊ ရယောင်း၊ ကျန်ထူဘူရီနှင့်တရာတ်ခရိုင်များ

 

-ထိုင်းနိုင်ငံအလယ်ပိုင်း: နခွန်စဝမ်၊ လွတ်ဘူရီ၊ အုထိုင်ဌာနီ၊ ချိုင်နာ့၊ စလဘူရီ၊ ဆင်ဘူရီ၊ အန်ထောင်း၊ အယုထရာခရိုင်များ

စူဖန်ဘူရီ၊ ကန်ကျနဘူရီ၊ ရာ့ချ်ဘူရီ၊ စမုဆာခွန်၊ စမုဆုန်ခရာမ်နှင့် နခွန်ပထုံ၊ မြိုတော်ဗန်ကောက်နှင့်နီးနားရှိခရိုင်းဖြစ်ကြပါတယ်။

 

#ကိုချစ် ဇွဲကပင်မြေ #ထိုင်းမိုးလေဝသ

SHARE THIS NEWS

OTHER NEWS