26 April 2024

,

အသက် ၂၃ နှစ်အောက် ၂၀၂၂ အာရှဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲအတွက် အုပ်စုမဲခွဲရန် အဆင့်သတ်မှတ်ရာတွင် ထိုင်းယူ-၂၃ အသင်း မဲအိုး-၂ တွင်ရပ်တည်။

လာမည့် ၂၀၂၂ ဇွန်လ ၁ ရက်နေ့ကနေ ဇွန်လ ၁၉ ရက်နေ့အထိ ဉဇဘက်ကစ္စတန်နိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပမယ့် အသက် ၂၃ နှစ်အောက် အာရှဖလားနောက်ဆုံးအဆင့်ပြိုင်ပွဲအတွက် အုပ်စုမဲခွဲဖို့မဲအိုးသတ်မှတ်ရာတွင် ထိုင်းယူ-၂၃ အသင်းက မဲအိုး-၂ မှာရည်တည်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြိုင်ပွဲတုန်းက အိမ်ရှင်ထိုင်းအသင်းဟာ ကွာတားဖိုင်နယ်ကိုတက်လှမ်းနိုင်ခဲ့လို့ မဲအိုး-၂ မှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ပြိုင်ပွဲအတွက်ကိုတော့ အိမ်ရှင်ဉဇဘက်ကစ္စတန်၊ လက်ရှိချန်ပီယံ တောင်ကိုရီးယား၊ တတိယဆုပိုင်ရှင် ဩစတြေးလျနဲ့ ဆော်ဒီအာရေဗျအသင်းတို့က မဲအိုး-၁ မှာ အသီးသီးရပ်တည်နေပါတယ်။

အစဉ်အလာကြီးမားတဲ့ အာရှအသင်းကြီးတွေဖြစ်ကြတဲ့ ဂျပန်နဲ့ကာတာအသင်းတို့က မဲအိုး-၃ မှာရပ်တည်နေပါတယ်။

မဲအိုး-၁ ဉဇယက်ကစ္စတန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ ဆော်ဒီ

ထို မဲအိုး- ၂ ထိုင်း၊ ယူအေအီး၊ အီရန်၊ ဂျော်ဒန်

မဲအိုး-၃ ကာတာ၊ ဂျပန်၊ ဗီယက်နမ်၊ အီရတ်

မဲအိုး-၄ တားဂျစ်ကစ္စတန်၊ ကူဝိတ်၊ မလေးရှား၊ တာမင်နစ္စတန်

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS