26 April 2024

မီးဖွားသည့်ဇနီးကိုပြုစုစောင့်ရှောက်ရန် ထိုင်းအစိုးရဝန်ထမ်းများကို ၁၅ ရက်ဆက်တိုက် ခွင့်ယူပိုင်ခွင့်ပြု
.
ဇွန် ၁၆ ရက်၊ ၂၀၂၃
.
မီးဖွားသည့်ဇနီးသည်ကို ပြုစုစောင့်ရှောက်ရန်အတွက် ခင်ပွန်းဖြစ်သူအစိုးရဝန်ထမ်းအား တစ်ကြိမ်မီးဖွား ခြင်းအတွက် ရုံးဖွင့်ရက် ၁၅ ရက်ဆက်တိုက် ခွင့်ယူပိုင်ခွင့်ပြုလိုက်သည့် ကြေညာချက်တစ်စောင်ကို ထိုင်းအစိုးရ ဝန်ထမ်းစီမံခန့်ခွဲရေးကော်မတီက ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
.
အစိုးရဝန်ထမ်းတစ်ဦးက မီးဖွားသည့်ဇနီးသည်ကို ပြုစုစောင့်ရှောက်ရန်အတွက် တစ်ကြိမ်မီးဖွားခြင်း အတွက် ရုံးဖွင့်ရက် ၁၅ ရက်ဆက်တိုက် ခွင့်ယူနိုင်ပြီး လုပ်ခလစာပုံမှန်ရရှိမည်ဟု ဖော်ပြထားသည်။
.
မည်သို့ဆိုစေ ဇနီးဖြစ်သူမီးဖွားပြီး ရက် ၃၀ နောက်ပိုင်းတွင် အဆိုပါခွင့်ကိုယူလျှင် လုပ်ခလစာရရှိမည် မဟုတ်ကြောင်း ဆက်လက်ဖော်ပြထားသည်။
.
Photo: Kea Sasi

SHARE THIS NEWS

OTHER NEWS