29 April 2024

အစိုးရအဖွဲ့ ပထမအကြိမ်ပုံမှန်အစည်းအဝေးတွင် မီတာခနှင့်ဒီဇယ်ဈေးနှုန်း လျှော့ချနိုင်မည်ဟု စေထား ဆို
.
ဩဂုတ် ၃၁ ရက်၊ ၂၀၂၃
.
အစိုးရအဖွဲ့သစ်၏ ပထမအကြိမ်ပုံမှန်အစည်းအဝေးတွင် မီတာခနှင့် ဒီဇယ်ဈေးနှုန်းတို့ကို လျှော့ချနိုင်မည်ဟု ထိုင်းဝန်ကြီးချုပ် စေထား ထဝီစင်း က ယမန်နေ့တွင် ပြောကြားခဲ့သည်။
.
ယမန်နေ့က အာဏာလွှဲပြောင်းရေးကိစ္စအတွက် ထိုင်းယာယီ ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Supattanapong Punmeechaow နှင့် တွေ့ဆုံပြီးနောက်တွင် စေထား က မီဒီယာများကို ပြောကြားခဲ့သည်။
.
စွမ်းအင်ဈေးနှုန်းလျှော့ချရေးနှင့် ပတ်သက်ပြီး “ချက်ချင်းကြေညာမှာပါ နည်းနည်းလေးစောင့်ပေးပါ ကျနော်တို့ မရပ်မနားအလုပ်လုပ်နေပါတယ် အာဏာလွှဲပြောင်းရေးကိစ္စ ရှောရှောရှူရှူ ရှိပါတယ် အရင်အစိုးရမူဝါဒတချို့ ကိုလည်း လက်ဆင့်ကမ်းဖို့ရှိပါတယ်” ဟု ဝန်ကြီး က ဆိုသည်။
.
မည်သို့ဆိုစေ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခြင်းမရှိသေး၍ မည်သည့်အခါတွင် အစိုးရအဖွဲ့အစည်းအဝေး ကျင်းပမည်ကို မသိရသေးပေ။
.
Photo: พรรคเพื่อไทย
.

SHARE THIS NEWS

OTHER NEWS