8 May 2024

ဩဂုတ် ၁၆ ရက် ၂၀၂၁

.

ကမ္ဘာပေါ်မှာဒေါင်းလုဒ်အရေအတွက်အများဆုံးစံချိန်ကိုပိုင်ဆိုင်ထားတဲ့ လူမှုကွန်ရက်ပလက်ဖောင်း တစ်ခုဖြစ်တဲ့ဖေ့စ်ဘွတ် “Facebook” ကို

တစ်တော့ “TikTok” ကကျော်တက်သွားပြီး ဉရောပ၊ တောင် အမေရိကနဲ့အမေရိကန်ကကုမ္ပဏီတွေထက် ဒေါင်းလုဒ်အရေအတွက်မြင့်မား

နေတယ်လို့ သိရပါတယ်။

.

၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာတဝန်းစစ်တမ်းကောက်ယူချက်အရ တရုတ်ထုတ်ဗီဒီယိုမျှဝေအက်ပ်တစ်ခုဖြစ်တဲ့ တစ်တော့ဟာ စစ်တမ်းကောက်ယူမှု

ကိုစတင်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစလို့ ဒေါင်းလုဒ်ခံရမှုအရေအတွက် အများဆုံးလူမှုကွန်ရက်ပလက်ဖောင်းတစ်ခုအဖြစ် ပထမဆုံးအကြိမ်ရပ်တည်

လာပါတယ်။

 

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် လူမှုကွန်ရက်မီဒီယာအသုံးပြုမှုကိုပိုမိုကျယ်ပြန့်လာနေတဲ့တချိန်တည်းမှာ လူတွေရဲ့ပုဂ္ဂိုလ်ရေးအချက်အလက်

(Privacy) လုံခြုံရေးနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေမြင့်တက် နေတာကြောင့်ပို့စ် (Post) တွေကိုဖျက်ထုတ်နိုင်တဲ့ ရုရှားထုတ် စာတိုပို့တယ်လီဂရမ်

 

“Telegram” အက်ပ်ကလည်း အလားတူနှစ်မှာ Top10 ဝင်လာပါတယ်။

 

ဘိုက်ဒန့်စ် “Byte Dance” ဟာ တစ်တော့နိုင်ငံတကာဗားရှင်းကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကစတင်မိတ်ဆက်ခဲ့ပြီး လက်ရှိမှာတစ်တော့ဒေါင်းလုဒ်

အရေအတွက်ဟာဖေ့စ်ဘွတ်ကပိုင်ဆိုင်တဲ့အက်ပ်တွေဖြစ်တဲ့ ဖေ့စ်ဘွတ်၊ ဝတ်စ်အပ်၊ အင်စတင်ဂရမ်နဲ့အက်ဆင်ဂျာတို့ကို ကျော်တက်နိုင်ခဲ့

ပါတယ်။ ကမ္ဘာ့ဈေးကွက်မှာတင်ကမဘဲ အေမရိကန်ဈေးကွက်မှာပါကျော်တက်သွားခဲ့တာဖြစ်ပါတယ်။

 

“ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့နေတာကြောင့် စတိတ်ရှိုးပွဲတွေကျင်းပလို့မရတဲ့ခေတ်ကာလမှာ အနု ပညာရှင်တွေရဲ့ဗီဒီယိုအတိုလေးတွေကို

တစ်တော့မှာကြည့်ရတာ ကျမသဘောကျတယ်” ဆိုပြီး အသက် ၃၇ အရွယ် ပေါ့လန်းပြည်နယ်သူတစ်ဦးကဆိုပါတယ်။

 

မည်သို့ဆိုစေ တစ်တော့အက်ပ်ပေါ်မှာမျှဝေထားတဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေဟာ လုံခြုံမှုမရှိဘူးလို့ တချို့ကယုံကြည်ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက အမေရိကန်မှာရှိတဲ့လုပ်ငန်းကိုရောင်းထုတ်ဖို့ တစ်တော့ပိုင်ရှင် ဘိုက်ဒန့်စ်ကို သမ္မတ ထရမ်းကတောင်းဆို

ခဲ့သလို အဆိုပါ အက်ပ်ကိုပိတ်ပင်ဖို့လည်းဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ အကျပ်အတည်းကာလမှာ ပိုမိုရေပန်းစားလာခဲ့ပြီး

ဉရောပ၊ တောင်အမေရိကနဲ့အမေရိကန်မှာရှိတဲ့လူမှုကွန်ရက်ကုမ္ပဏီတွေထက် ဒေါင်းလုဒ်အရေအတွက်မြင့်မားလာခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS