26 April 2024

ထိုင်းနိုင်ငံကို ခရီးသွားဧည့်သည်တွေ စတင်ဝင်ရောက်ခွင့်ပြုလိုက်တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ကစလို့ ယနေ့ထိ လာရောက်လည်ပတ်ရန် ဝင်ရောက်လာခဲ့ကြတဲ့ ခရီးသွားဧည့်သည် တွေထဲက ၇၀၀ ဦးခန့်ဟာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံရနိုင်ခြေရှိတဲ့ သူတွေ ဖြစ်နေတယ်လို့ ရဲအရာရှိ “စူဝပ် ချန်ယော့စု” က ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

 

အဲဒီနောက် ရဲအရာရှိ “စူဝပ် ချန်ယော့စု” က အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံရနိုင်ခြေရှိတယ်လို့ယူဆရတဲ့ ခရီးသွား ၇၀၀ ဦးကို အမြန်ဆုံး ရောဂါပိုးရှိမရှိ ခေါ်ယူစစ်ဆေးနိုင်ဖို့ ကျန်းမာရေးဌာနကို တာဝန်လွှဲပြောင်း ပေးအပ်ထားခဲ့တယ်လို့ သိရပါတယ်။

 

လက်ရှိမှာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံနေရတဲ့ နိုင်ငံတွေကခရီးသွားတွေကို ထိုင်းဝင်ရောက်ခွင့်ပိတ်လိုက် ပြီဖြစ်ပြီး နယ်စပ်တွေကိုအရင်ကထက် ပိုမိုတင်းကြပ်စောင့်ကြည့်နေတယ်လို့သိရပါတယ်။

Ref : chiangmainews

SHARE THIS NEWS

OTHER NEWS