3 May 2024

ဓာတ်ပုံ Chaing Mai News

 

စက်တင်ဘာ ၂၉ ရက်၊ ၂၀၂၁

 

အနှိပ်ခန်းနှင့်ကာရာအိုကေဆိုင်ဗန်းပြပြီး ကာမဝန်ဆောင်မှုပေးသည့် ချင်းမိုင်မြို့လယ်ခေါင်ရှိဆိုင်ပိုင်ရှင်ကို ချင်းမိုင်ခရိုင်တရားရုံးမှ လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၄၀ နှစ်ချမှတ်။

 

ချင်းမိုင်မြို့၊ ချန်းခလန်လမ်းတွင် အနှိပ်ခန်းနှင့်ကာရာအိုကေဗန်းပြပြီး ကာမဝန်ဆောင်မှုပေးသည့် ဆိုင်ပိုင်ရှင်ကို ချင်းမိုင်ခရိုင်တရားရုံးမှ လူကုန်ကူးမှုဖြင့်စုစုပေါင်းထောင်ဒဏ် ၁၄၀ နှစ်ချမှတ်လိုက်သည်ဟု Chaing Mai News သတင်းဌာနမှဖော်ပြထားသည်။

 

အဆိုပါအနှိပ်ခန်းတွင် ကာမဝန်ဆောင်မှုပေးနေသည်ဟု သတင်းရရှိပြီးနောက် ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးနှင့်လူကုန်ကူးခံရသူများကူညီရေးဖောင်ဒေးရှင်းတို့၏ အဖွဲ့စုံပူးပေါင်းတပ်ဖွဲ့မှ ၎င်းဆိုင်ရှိ LGBT ဘီယာမယ်ကိုအသွင်ယူဆက်သွယ်ရာ ချိန်းထားသည့်နေရာသို့ အသက် ၁၈ နှစ်အောက် အမျိုးသား ကလေးလိင်လုပ်သားနှစ်ဦးပို့ပေးခဲ့ရာမှဖမ်းဆီးနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

 

အဆိုပါအနှိပ်ဆိုင်ကို ၂၀၂၀ ခုနှစ် ဇူလိုင်လတွင်ဖမ်းဆီးနိုင်ခဲ့ပြီး ပြစ်မှု ၆ ခုဖြင့်စွဲချက်တင်ခဲ့ကာ ပိုင်ဆိုင်မှုများထိန်းသိမ်းထားသည်ဟု ရေးသားထားသည်။

.

ထို့နောက် ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်နေ့တွင် ချင်းမိုင်ခရိုင်တရားရုံးမှပြစ်မှုအားလုံးအတွက် စုစုပေါင်းထောင်ဒဏ် နှစ် ၁၄၀ ချမှတ်ခဲ့သည်။ တရားခံမှကြည်ဖြူစွာဝန်ခံခဲ့၍ ထောင်ဒဏ်တစ်ဝက် နှစ် ၇၀ လျှော့ချပေးခဲ့သည်။ သို့သော် တည်ဆဲဉပဒေအရ အများဆုံးနှစ် ၅၀ သာအကျဉ်းချခံရမည်ဟုဆိုသည်။

 

ထို့ပြင် ထိုင်းရာဇသတ်ကြီးဉပဒေ ပုဒ်မ ၅၁ (၃) အရ နစ်နာသူလူငယ်နှစ်ဦးကို ဆိုင်ပိုင်ရှင်ကတစ်ဦးလျှင် လျော်ကြီး ဘတ် ၁ သိန်း ၅ သောင်းပေးလျော်ရမည်ဖြစ်ပြီး အတိုးနှုန်း ၅% ဖြင့် နောက်ကြောင်းပြန်ပေးချေရမည်ဟု သိရှိရသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS