9 May 2024

ဓာတ်ပုံ Manager Online

အောက်တိုဘာ ၁၉ ရက်၊ ၂၀၂၁

မဲဆောက်မြို့ရှိ ကုန်စိမ်းဈေးတစ်ခု၏ ကားဂိတ်တွင် အသက် ၄၀ အရွယ်မြန်မာတစ်ဦး အကြောင်းရင်း မသိဘဲသေဆုံး၊ ကိုဗစ်-၁၉ ကြောင့်သေဆုံးမည်ကိုစိုးရိမ်၍ ဈေးဆိုင်များဆေးဖျန်း၊ အလောင်းကိုဆေးရုံသို့ ပို့ဆောင်ပြီး ရင်ခွဲစစ်ဆေးမည်။

 

ယနေ့မနက်တွင် မဲဆောက်စည်ပင်သာယာနယ်မြေအတွင်းရှိ ဖာကျရုန်ကုန်စိမ်းဈေးအနောက်ဘက်ရှိကားဂိတ်တစ်ခု၏ခရီးသည်နားနေဆောင်တစ်ခုတွင် လူတစ်ဦးသေဆုံးနေသည်ဟု တာ့ခ်ခရိုင် မဲဆောက်နယ်မြေရဲစခန်းမှသတင်းရရှိပြီးနောက် ရဲတပ်ဖွဲ့နှင့်နယ်မြေခံနာရေးကူညီမှုအသင်းပူးပေါင်းအဖွဲ့မှ အားချင်းသွားရောက်စစ်ဆေးခဲ့သည်ဟု စခန်းမှူးကဆိုသည်။

 

 

အခင်းဖြစ်ပွားရာတွင် ဖာကျန်ရုန်ဈေးအတွင်းကုန်ထမ်းလုပ်သားတစ်ဦးဖြစ်သူ အသက် ၄၀ နှစ်ရှိ ဦးနိုင်ဆိုသူ၏ရုပ်အလောင်းကိုတွေ့ရှိခဲ့သည်ဟု ဆိုသည်။ သေဆုံးသူသည် အဖြူရောင်တီရုပ်နှင့်အညိုရောင်လုံချည်ကိုဝတ်ဆင်ထားပြီး မျက်လုံးဖွင့်လျှက်ဖြင့် ပက်လက်အနေအထားတွင် သေဆုံးနေသည်ဟု ဆိုသည်။

 

 

ရဲတပ်ဖွဲ့မှစစ်ဆေးချက်အရ ကိုယ်ပေါ်တွင်ထိခိုက်ဒဏ်ရာတွေ့ရခြင်းမရှိဘဲ သေဆုံးခဲ့သည်မှာ ၁ နာရီကျော်ပြီဟု ဆိုသည်။ ထို့နောက် အလောင်းကို မဲဆောက်မြို့နယ်ဆေးရုံသို့ပို့ဆောင်ပြီး သေးဆုံးရသည့်အကြောင်းရင်းကို စစ်ဆေးအဖြေရှာသွားမည်ဟု ဆိုသည်။

 

 

သေဆုံးရသည့်အကြောင်းရင်းကို မသိရ၍ ဈေးသူဈေးသားများက ကိုဗစ်-၁၉ ကြောင့်ဖြစ်မည်ကို ထိန့်လန့်ကြပြီး ၎င်းတို့၏ဈေးခန်းကို အားချင်းဆေးဖျန်းကြသည်ဟု သိရသည်။

 

 

သေဆုံးသူသည် ငမူးသမားများအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အမြဲလိုလိုသောက်စားတတ်သည့်အလေ့အထရှိသည်ဟု ၎င်း၏အသိဖြစ်သူ ဦးကို အသက် ၅၀ ကဆိုသည်။ အခင်းမဖြစ်ပွားမီအချိန်တွင် သေဆုံးသူကိုဈေးထဲတွင်တဝဲလည်လည်လိုက်ပတ်နေသည်ကိုတွေ့ရပြီးနောက် ကားဂိတ်တွင်ထိုင်နားနေသည်ကိုတွေ့ရသည်ဟု ၎င်းကဆက်လက်ပြောပြသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS