3 May 2024

ဘူရီရမ်တွင် တရားမဝင် ဝင်ရောက်လာသော ကမ္ဘောဒီးယားနိုင်ငံသား ၈ ဦး ဖမ်းဆီးခံရ
.
ဩဂုတ် ၂၀ ရက်၊ ၂၀၂၃
.
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဘူရီရမ်ခရိုင်တွင် ခရိုင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဦးဆောင်သော အဖွဲ့စုံပူး ပေါင်းတပ်ဖွဲ့က ထိုင်းယာဉ်မောင်းနှင့်တကွ တရားမဝင် ဝင်ရောက်လာသော ကမ္ဘောဒီးယားနိုင်ငံသား ၈ ဦး ကို လွန်ခဲ့သော ဩဂုတ်လ ၁၇ ရက်နေ့ (၂၀၂၃) က ဖမ်းဆီးနိုင်ခဲ့သည်ဟု Nuch Interview Online သတင်းပေ့ချ်က ဖော်ပြထားသည်။
.
အသက် ၂၄ နှစ်ရှိ စူရင်ခရိုင်သား ထိုင်းယာဉ်မောင်းအပါအဝင် Toyota Commuter အဖြူရောင်ဗန်း ကားတစီးကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
.
ကနဦးတွင် ထိုင်းယာဉ်မောင်းအား “တရားမဝင်ဝင်ရောက်လာသော နိုင်ငံခြားသားများကို သိလျှက်ဖြင့် ဖမ်းဆီးမခံရအောင် နေရာထိုင်ခင်းစီစဉ်ပေးခြင်း၊ ဝှက်ထားခြင်း၊ အကူအညီပေးခြင်း” ပုဒ်မဖြင့် ဆွဲချက် တင်ထားပြီး ကမ္ဘောဒီးယားနိုင်ငံသား ၈ ဦးကို “တရားမဝင် ဝင်ရောက်မှု” ဖြင့် ဆွဲချက်တင်ထား သည်ဟု ဖော်ပြထားသည်။
.
ဖြစ်စဉ်မှာ စူရင်ခရိုင်နယ်စပ်မှတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ တရားမဝင်လုပ်သား ခေါ်ဆောင်လာ မည်ဟု စူရနာရီနယ်ခြားစောင့်တပ် သတင်းထောက်လှမ်းရေးတပ်ဖွဲ့မှ စုံစမ်းသိရှိရ၍ ဘူရီရမ်ခရိုင်၊ ချလုမ်းဖရာ့ကီယက်မြို့နယ်၊ အမှတ် ၂၄ လမ်းမကြီးပေါ်ရှိ တကိုမီးပွိုင့်တွင် စောင့်ဖမ်းခဲ့သည်ဟု
ဖော်ပြထားသည်။
.
တရားမဝင် ကမ္ဘောဒီးယားနိုင်ငံသားများကို မြို့တော်ဗန်ကောက်နှင့် မြို့တော်ဗန်ကောက် အနီးအနား ခရိုင်များသို့ ပို့ဆောင်ပေးရမည်ဖြစ်ပြီး တဦးလျှင် ပို့ခ ၁၅၀၀၀ ဘတ် မှ ၁၇၀၀၀ ဘတ် ရရှိသည်ဟု ထိုင်းယာဉ်မောင် က ထွက်ဆိုကြောင်း ဖော်ပြထားသည်။
.
အဖွဲ့စုံပူးပေါင်းတပ်ဖွဲ့မှ ဖမ်းဆီးခံရသူများကို ကနဦးစစ်ဆေးမေးမြန်းချက်အရ “လူကုန်ကူးမှုမြောက် ခြင်းမရှိ” ဟု တွေ့ရှိရပြီး နောက်ကွယ်မှကြိုးကိုင်နေသူနှင့် ပါဝင်ပတ်သက်သူများကို ကွင်းဆက်ရှာပြီး ဖော်ထုတ်ဖမ်းဆီးသွားမည်ဟု ဆိုကြောင်း ဖော်ပြထားသည်။
.
ထိုင်းနိုင်ငံ၏တည်ဆဲဥပဒေအရ ထိုင်းအချုပ်ခြာပိုင်နက်အတွင်းသို့ တရားမဝင်နိုင်ငံခြားသား ခေါ်ဆောင်
လာခြင်းသည် ရာဇဝတ်မှုမြောက်ပြီး ၁၀ နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ဘတ် ၁ သိန်းထက်မပို သောငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရနိုင်သည်ဟု ဆက်လက်ဖော်ပြထားသည်။
.
.
Photo: Nuch Interview Online
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ

SHARE THIS NEWS

OTHER NEWS