26 April 2024

,

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြသစ်ခန့်အပ်ရေးကို အပူတပြင်း စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။

လီဗာပူးကနေ မန်ချက်စတာယူနိုက်တက်ကို ငါးဂိုး ဂိုးမရှိနဲ့ အနိုင်ယူသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ အသင်းပိုင်ရှင် ဂလေဇာမိသားစုက အမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါဒ်ဆီကို ဆက်သွယ်ပြီး နည်းပြသစ် ခန့်အပ်ရေးကိစ္စကိုဆွေးနွေးခဲ့ကြောင်း သတင်းတွေက ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့နည်းပြသစ်လျာထားစာရင်းထဲမှာ အင်တာမီလန်နည်းပြဟောင်း ကွန်တီ၊ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်း၊ အေဂျက်နည်းပြ အီရစ်ခ်တန်း ဟတ်ဂျ်နဲ့ လက်စတာနည်းပြ ဘရန်ဒန် ရော့ဂျားစတို့ကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နည်းပြ ကွန်တီကို ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားပေမယ့် ကွန်တီ ကတော့ သူ့ဘက်က အလိုရှိတာတွေကို မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေက ဖြည့်ဆည်းပေးမှသာ အလုပလက်ခံဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက နည်းပြ ဆိုးလ်ရှားကို သုံးနှစ်သက်တမ်း စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ရာထူးထုတ်ပယ်ဖို့ ရှေးရှုဆောင်ရွက်နေရပြီပဲ ဖြစ်ပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS