10 May 2024

အနိုင်ကျင့်ခံရသောကြောင့် အိမ်ရှင်အဖွားအိုကို ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း လူသတ်မှုဖြင့်စွပ်စွဲခံထားရသည့် မြန်မာအိမ်အကူ ထွက်ဆို၊ အခင်းဖြစ်ချိန်တွင် အသက် ၁၇ နှစ်သာရှိသေးကြောင်း အရိုးဆေးစစ်ချက်က တွေ့ရှိ

 

စင်ကာပူနိုင်ငံ၌ လူသတ်မှုဖြင့် စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံသူ အိမ်အကူက အလုပ်ရှင်၏ အသက် ၇၀ နှစ်အရွယ် ယောက္ခမသည် ၎င်းကို မီးအပူပေးထားသော ဒယ်ပြားဖြင့် ကပ်ခြင်း၊ မီးဖိုချောင် သုံးပစ္စည်း များဖြင့် ရိုက်နှက်ခြင်း၊ လကဗလာဖြင့် ရိုက်နှက်ခြင်း၊ ခြေဖြင့်ကန်ကျောက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံတွင် ဝန်ခံခဲ့သည်ဟု yahoo news ၏ဖော်ပြချက်အရ သိရသည်။

၂၀၁၈ ခုနှစ် ဇွန် ၂၅ ရက်တွင် စင်ကာပူနိုင်ငံ အနောက်မြောက်ပိုင်းရှိ တိုက်ခန်းတခန်း၌ သက်ကြီးရွယ်အို တစ်ဦးအား ဓားဖြင့်အချက်ပေါင်းများစွာ ထိုးခဲ့ကြောင်း မဇင်မာနွယ်က နိုဝင်ဘာ ၉ ရက်တွင်ပြုလုပ်သော ရုံးတင်စစ်ဆေးမှုတွင် ထွကဆိုခဲ့သည်။

ဒဏ်ရာရရှိစေရန်သာရည်ရွယ်ခဲ့ကြောင်း မဇင်မာနွယ်က ထွက်ဆိုခဲ့သော်လည်း ယင်းရရှိသည့် ဒဏ်ရာ များဖြင့်ပင် သက်ကြီးရွယ်အိုသည် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိက ပြောဆိုခဲ့ သည်။

မဇင်မာနွယ်၏အမှုနှင့်ပတ်သက်၍ သက်သေ ၆၃ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ဥပဒေအရာရှိက ပြော ဆိုခဲ့သည်။ မဇင်မာနွယ်သည် အလွန်အမင်းစိုးရိမ်ပူပန်ခြင်း၊ စိတ်ကျနေခြင်းတို့ကို ခံစားနေရ သော ကြောင့် စိတ်ကျန်းမာရေးဆိုင်ရအခြေအနေကို တင်ပြမည်ဖြစ်ကြောင်း မဇင်မာနွယ်၏ရှေ့နေက ပြောသည်။

အခင်းဖြစ်ပွားချိန်တွင် မဇင်မာနွယ်သည် အသက် ၂၃ နှစ်ရှိပြီဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်တွင် ဖော်ပြထားသော်လည်း ၎င်းသည် အသက် ၁၇ နှစ်သာရှိသေးပြီး အလုပ်အကိုင်ဆိုင်ရာအေးဂျင့်က အသက် ၂၃ နှစ်ဟုသာ ဖော်ပြရန် ညွှန်ကြာထားခဲ့ကြောင်း ၎င်းက စုံစမ်းစစ်ဆေးစဉ်တွင် ထွက်ဆို ခဲ့သည်ဟု တရားရုံးမှတ်တမ်းများက ဖော်ပြခဲ့သည်။

တန်တော့ဆင်းဆေးရုံက ပြုလုပ်သည့် အရိုးအသက်စစ်ဆေးမှုအရ မဇင်မာနွယ်၏ အရိုးအသက်သည် ၁၇ နှစ်ဝန်းကျင်သာရှိနေသေးကြောင်း သိရှိခဲ့ရသည်။ မဇင်မာနွယ်အား အရွယ်မရောက်သေးသူအဖြစ် ရုံးတင်စစ်ဆေးမှုပြုလုပ်မည် မပြုလုပ်မည်ကို ရှေ့နေချုပ်ရုံးသို့ ဆက်သွယ်မေးမြန်းထားသော်လည်း ဖြေကြားခြင်းမရှိသေးချေ။

မဇင်မာနွယ်သည် အဆိုပါမိသားစုထံတွင် ၂၀၁၈ ခုနှစ် မေလ ၁၀ ရက်တွင် စတင်လုပ်ကိုင်ခဲ့သည်။ အလုပ်ရှင်မိသားစုတွင် အမျိုးသားတဦး၊ ၎င်း၏ဇနီး၊ ဆယ်ကျော်သက်သမီးနှစ်ဦးတို့ပါဝင်သည်။ မဇင်မာနွယ်သည် အိမ်မှုကိစ္စလုပ်ကိုင်ခြင်း၊အဝတ်လျှော်ဖွတ်ခြင်း၊ ချက်ပြုတ်ခြင်းတို့ကို လုပ်ကိုင်ရမည်ဖြစ်သည်။ ၎င်းသည် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် အိပ်ရာမှထပြီး ည ၁၁ နာရီတွင် အိပ်ရာဝင်ရသည်။ မိသားစုနှင့်သာမက အလုပ်အကိုင်အခြေအနေများနှင့်ပတ်သက်၍ပါအဆင်မပြေမှုများမရှိခဲ့ကြောင်း ၎င်းက ရဲတပ်ဖွဲ့ကိုပြောဆိုခဲ့သည်။

သေဆုံးသူ သက်ကြီးရွယ်အိုသည် မိသားစုနှင့်အတူ တလနေထိုင်ရန် မေ ၂၆ ရက်တွင် အိန္ဒိယမှရောက်ရှိလာခဲ့သည်။ ဇွန် ၂၅ ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် မဇင်မာနွယ်သည် အိမ်ရှင်မိသားစုအတွက် နံနက်စာပြင်ဆင်ပေးရန် အိပ်ရာမှထခဲသည်။ အလုပ်ရှင်အမျိုးသား၊ ဇနီးနှင့် သမီးတဦးတို့သည် နံနက် ၇ နာရီတွင် အိမ်မှထွက်ခွာသွားခဲ့ပြီး အိမ်အကူသည် အိမ်သန့်ရှင်းရေးလုပ်ကိုင်ခဲ့သည်။

အခြားသမီးတဦး ကျောင်းသို့ထွက်ခွာသွားပြီးနောက် မဇင်မာနွယ်နှင့် သက်ကြီးရွယ်အိုတို့သာ နေအိမ်တွင် ကျန်ရစ်ခဲ့သည်။ သက်ကြီးရွယ်အိုက နောက်တနေ့တွင် အလုပ်အကိုင်အေးဂျင့်ထံသို့ သွားရန် ပြောဆိုခဲ့ကြောင်း မဇင်မာနွယ်က ဝန်ခခဲ့သည်။

ထို့နောက်တွင် မဇင်မာနွယ် ဒေါသဖြစ်လာပြီး သက်ကြီးရွယ်အိုအား ဓားဖြင့်အချက်ပေါင်းများစွာ ထိုးခဲ့သည်။ သက်ကြီးရွယ်အို ငြိမ်ကျသွားပြီးနောက်တွင် မဇင်မာနွယ်သည် အိမ်ရှင်၏အိပ်ခန်းကြီးကို ဝင်ရောက်မွှေနှောက်ပြီး ၎င်း၏ပိုင်ဆိုင်မှုများကို ရှာဖွေရန် ဗီရိုကြီးတခု၏သော့ကိိုဖျက်ဆီးခဲ့သော်လည်း နိုင်ငံကူးလက်မှတ်ကိုရှာမတွေ့ခဲ့ချေ။

ယင်းနောက် မဇင်မာနွယ်သည် ဓားကိုဆေးကြောပြီး မီးဖိုဆောင်ထဲတွင် ပြန်ထားခဲ့သည်။ ထို့နောက်တွင် မဇင်မာနွယ်သည် အဝတ်အစားလဲပြီး ငွေကြေးအနည်းငယ်ကိုယူကာ ဘတ်စ်ကားနှင့် ရထားစီးနင်းခွင့်ကတ် (EZ-link) ကို ယူဆောငပြီး မွန်းလွဲ ၁၂ နာရီ ၁၇ မိနစ်ခန့်တွင် နေအိမ်မှထွက်ခဲ့သည်။ အနီးအနားရှိ အိမ်အကူဝန်ဆောင်မှုလုပ်ငန်းသိုု့သွားရောက်ပြီး နိုင်ငံကူးလက်မှတ်ကိုတောင်းယူခဲ့သော်လည်း ဝန်ထမ်းများက အလုပ်ရှင်ထံဖုန်းဆက်ရဦးမည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

မဇင်မာနွယ်သည် အငှားယာဉ်ဖြင့် အိမ်အကူဝန်ဆောင်မှုလုပ်ငန်းသို့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ပြန်လာခဲ့သော်လည်း ဝန်ထမ်းများက ရဲတပ်ဖွဲ့သို့ သတင်းပေးမှုကြောင့် ၅ နာရီ ၅၅ မိနစ်တွင် အဖမ်းခံခဲ့ရသည်။

အခင်းဖြစ်ပွားရာနေရာသို့ မွန်းလွဲ ၃ နာရီ ၁၄ မိနစ်တွင်ရောက်ရှိခဲ့သည့် ကျန်းမာရေးဝန်ထမ်းများက သက်ကြီးရွယ်အိုသည် ၃ နာရီ ၃၀ မိနစ်ခန့်တွင် သေဆုံးခဲ့ကြောင်း၊ အဆုတ်ကိုထိခဲ့သည့် ထိုးနှက်ချက်သုံးခုကြောင့် သေဆုံးခဲ့ခြင်ဖြစ်ကြောင်း သေမှုစစ်မှတ်တမ်းတွင်ဖော်ပြထားသည်။

အဖမ်းခံရပြီးနောက် မဇင်မာနွယ်ထွက်ဆိုခဲ့သည်များကို စုံစမ်းစစ်ဆေးရေးအရာရှိက နိုဝင်ဘာ ၉ ရက်တွင် ပထမဆုံးသက်သေအဖြစ် ရုံးတော်တွင် ထွက်ဆိုခဲ့သည်။ အိမ်သားများသည် ၎င်းအပေါ် ကောင်းမွန်စွာဆက်ဆံခဲ့သော်လည်းသက်ကြီးရွယ်အိုသည် အလုပ်မျိုးစုံကိုခိုင်းရုံသာမက မီးအပူပေးထားသော ဒယ်ပြားဖြင့် ကပ်ခြင်း၊ ခြေသည်းညှပ်ပေးနေစဉ်တွင် ရင်ဘတ်ကို ခြေထောက်ဖြင့် ကန်ကျောက်ခြင်းတို့ကိုပါ ပြုလုပ်ခဲ့ကြောင်း မဇင်မာနွယ်က ဝန်ခံခဲ့သည်ဟု စုံစမ်စစ်ဆေးရေးအရာရှိက ထွက်ဆိုခဲ့သည်။

မဇင်မာနွယ်၏စိတ်ပိုင်းဆိုင်ရာအခြေအနေနှင့် အနိုင်ကျင့်ခံခဲ့ရပုံများနှင့်ပတ်သက်၍ လူသတ်မှုကဲ့သို့ ပြစ်မှုများအတွက် ဥပဒေကြောင်းအရအကူအညီပေးမှုအရ မဇင်မာနွယ်ဘက်မှရှေ့နေလိုက်သည့် ခရစ္စတိုဖာ ဘရစ်ဂျစ်က စုံစမ်းစစ်ဆေရေးအရာရှိကို မေးခွန်းထုတ်ခဲ့သည်။

အနိုင်ကျင့်ခံရမှုနှင့်ပတ်သက်၍ အခြားလူများအား ပြောဆိုခြင်းမပြုခဲ့သလို နေ့စဉ်မှတ်တမ်းတွင်လည်း မရေးသားခဲ့ကြောင်း မဇင်မာနွယ်က ထွက်ဆိုခဲ့သည်ဟု စုံစမ်းစစ်ဆေးရေးအရာရှိက ရုံးတော်၌ ပြောဆိုခဲ့သည်။ အခြားလူများကို ဆကသွယ်ပြောဆိုရန် ဖုန်းလည်းမရှိသလို နေ့စဉ်မှတ်တမ်းတွင်လည်း ရေးသားခြင်းမပြုခဲ့ကြောင်း မဇင်မာနွယ်ကပြောဆိုခဲ့သည်။ မိသားစုဝင်များကို လွမ်းဆွတ်ပုံနှင့် စင်ကာပူ၌ ကြုံရသည့်အခက်အခဲများနှင့်ပတ်သက်၍သာ နေ့စဉ်မှတ်တမ်းတွင် ရေးသားထားသည်။

အမှုကို ဆက်လက်ကြားနာစစ်ဆေးနေဆဲဖြစ်သည်။ အပြစ်ရှိကြောင်း ထင်ရှားပါက မဇင်မာနွယ်သည် သေဒဏ်သို့မဟုတ် ထောင်ဒဏ်တစ်သက်ကျခံရမည်ဖြစ်သည်။

 

မူရင်း Yahoo SG,News Watch TV

SHARE THIS NEWS

OTHER NEWS