3 May 2024

မလေးရှားမှာ အိုမီခရွန် ကူးစက်ခံထားရတဲ့ နိုင်ငံခြားကျောင်းသူတစ်ဦးရှိနေပြီလို့ မလေးရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ အတည်ပြုပြောဆိုလိုက်ပါတယ်။

 

အိုမီခရွန်ကူးစက်ခံထားရတဲ့ ၁၉ နှစ်အရွယ်ကျောင်းသူဟာ WHO က အိုမီခရွန် ကိုဗစ်မျိုးကွဲအကြောင်း အတည်မပြုခင် နိုဝင်ဘာလ ၁၉ ရက်နေ့ကတည်းက မလေးရှားနိုင်ငံထဲ ရောက်နေခဲ့တာပါ။

 

သူမဟာတောင်အာဖရိက ကထွက်ခွာလာပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်ကို ရောက်ရောက်ခြင်း ကိုဗစ်စစ်ဆေးခဲ့ရာ ကိုဗစ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တာကြောင့် ကွာရန်တင်း ၁၀ ရက်ဝင်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ သူမနဲ့ ထိတွေ့ခဲ့တဲ့သူ ၅ ယောက်ထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်။

 

နိုဝင်ဘာလ ၂၆ ရက်နေ့မှာ WHO က အိုမီခရွန် ဗိုင်းရပ်မျိုးကွဲသစ် တောင်အာဖရိကမှာ တွေ့ရှိကြောင်း အတည်ပြုပြောဆိုခဲ့ပြီးနောက် သူမကို အိုမီခရွန် ကူးစက်ခံထားရခြင်း ရှိမရှိ ထပ်မံစစ်ဆေးကြည်ခဲ့ရာ ဒီကနေ့မှာ အိုမီခရွန်ကူးစက်ခံထားရတဲ့ လူနာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တာပါ။

 

သူနဲ့ ထိတွေ့မှုရှိခဲ့တဲ့ သူတွေကို အနီးကပ်စောင့်ကြည့်ဖို့ လိုက်လံရှာဖွေနေပြီဖြစ်ကြောင်း မလေးရှားအစိုးရက ထုတ်ဖေါ်ပြောဆိုပါတယ်။

 

Photo : Bangkok Post

SHARE THIS NEWS

OTHER NEWS