28 April 2024

,

ထီပထမဆုပေါက်တဲ့အသက် ၄၁ နှစ်ရှိမစ္စတာ Somsak Kerdmoree ဟာ သြဂုတ်လ ၂၀

ရက်နေ့တွင်မွေးရပ်မြေဖြစ်တဲ့ Baan Chaeng Charoen၊ ရွာအမှတ် ၄၊ Nong Yai ခရိုင်၊ Bua Yai ခရိုင်၊ Nakhon

Ratchasima ပြည်နယ်၊ လယ်ကွင်းနားမှာ ရေနစ်သေဆုံးခဲ့ပါတယ်

သေဆုံးသွားတဲ့ သူက အသက် ၄၁ နှစ် ထိုင်းနိုင်ငံသား ဖြစ်ပါတယ်။ သူဟာ ထီပေါက်ပြီး ၄ ရက်အကြာ ဩဂုတ်လ

၂၀ ရက်နေ့မှာ ကန်ထဲမှာချထားတဲ့ ငါးမျှားသွားဖြုတ်ရာက မူးလဲပြီး ရေနစ်သေဆုံးသွားခဲ့တာပါ။

သတင်းရပြီး ဩဂုတ်လ ၂၁ ရက်နေ့မှာ အဲဒီနေရာကို သွားရောက်မေးမြန်းကြည့်ရာမှာ သေဆုံးသူဟာ

သူရဲ့သူငယ်ချင်းဖြစ်သူ ဦးနှောက်သိပ်မကောင်းတဲ့သူတစ်ဦးနဲ့ ငါးမျှားချိတ်တွေသွားဖြုတ်ခဲ့တာဖြစ်ပြီး

သေဆုံးသူမှာ ရောဂါအခံရှိတာနှင့်တစ်ပြိုင်နက် သတိလစ်မေ့မျောသွားရာ

သူရဲ့သူငယ်ချင်းဖြစ်သူဦးနှောက်သိပ်မကောင်းတဲ့သူ က ရေငုတ်နေတယ်အထင်နဲ့ နောက်ဆုံးပေါ်မလာတဲ့အဆုံးမှ

ရဲကိုဖုန်းဆက် တိုင်ကြားခဲ့တာဖြစ်တယ်လို့ ရွာသူရွာသားတွေက ပြောပြပါတယ်။

သေဆုံးသူရဲ့အမေဖြစ်သူမှာ အသက် ၆၂ နှစ်ရှိပြီဖြစ်ပြီး ကလေး ၃ ဦးရှိကြောင်းသိရပါတယ်။ သေဆုံးသူဟာ

ဩဂုတ်လ ၁၆ ရက် ထီ‌ပေါက်တဲ့နေ့ကတည်းက ရွာကိုပြန်လာနေတာဖြစ်ပြီး မသေဆုံးခင်အချိန်ထိ အရက်ကို

စွဲစွဲမြဲမြဲသောက်ခဲ့တယ် လို့ သေဆုံးသူရဲ့မိခင်ဖြစ်သူကဆိုပါတယ်။ ၎င်းရဲ့သားဖြစ်သူသေဆုံးပြီးနောက်

ကျန်ငွေတွေကို သားသမီး ၃ ဦးလုံးကို ခွဲပေးလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS