3 May 2024

မိန်းမဖြစ်သူတယုတယစိုက်ခိုင်းတဲ့သရက်ပင်ကို ကျိုးအောင်လုပ်မိလို့ငယ်ထိပ်ကွဲအောင်ဓားမနဲ့ခုတ်ခံခဲ့ရတဲ့အမျိုးသား !

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပရာအုထစ် ၁၇ လမ်းမှာ နိုဝင်ဘာလ ၇ ရက်နေ့က ငယ်ထိပ်ကိုဓားမနဲ့ ခုတ်ခံခဲ့ရတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

 

အခင်းဖြစ်တဲ့နေရာကို ရောက်ရှိသွားတဲ့အချိန်မှာ ခေါင်းတွင် ဓားခုတ်ဒဏ်ရာနဲ့ သွေးတွေပေကျံနေတဲ့ နိုင်ပုန်း ထိုင်းလူမျိုး အသက် ၄၀ နှစ် ကိုတွေ့ရှိခဲ့ပြီး ၎င်းနဲ့မနီးမဝေးမှာတော့ ငရုတ်ကျဉ်ပွေ့တစ်ခုနဲ့ ဓားမတစ်ချောင်းကို တွေ့ရှိခဲ့ပါတယ်။

ရောက်ရောက်ချင်းမှလူမှူကယ်ဆယ်ရေးအဖွဲ့က ရှေးဦးသူနာပြု လုပ်ပေးပြီး လူနာကိုဆေးရုံပို့ ဆောင်ပေးခဲ့ပါတယ်။

 

 

 

ဆက်လက်ပြီး နိုင်ပုန်းကို ဓားနဲ့ခုတ်သူဟာ သူ့ရဲ့အမျိုးသမီးဖြစ်ကြောင်းသိခဲ့ရပါတယ်။ ဖြစ်စဉ်အသေးစိတ်ကို မေးမြန်းကြည့်ခဲ့ရာ နိုင်ပုန်းကို ဓားဖြင့်ခုတ်သူ အမျိုးသမီးဟာ သူ့ရဲ့အမျိုးသားဖြစ်သူကို သရက်ပင်စိုက်ဖို့ လုပ်ခိုင်းခဲ့ရာ အမျိုးသားဖြစ်သူ နိုင်ပုန်း ဟာ သရက်ပင်ကိုကျိုးအောင်လုပ်မိသွားတာကြောင့် မိန်းမဖြစ်သူဟာ စိတ်တိုပြီး ဘေးမှာရှိတဲ့ ငရုတ်ကျဉ်ပွေ့နဲ့ပစ်ပေါက်ကာ အသင့်ရှိတဲ့ ဓားမနဲ့ ခုတ်မိသွားတာဖြစ်ကြောင်း ဝန်ခံပါတယ်။

 

 

 

ထပ်မံပြီး နိုင်ပုန်းရဲ့အမျိုးသမီးကသူက စိတ်အရမ်းတိုသွားတာကြောင့် လုပ်မိခဲ့တာဖြစ်ပြီး ဒီလောက်ထိ ဖြစ်သွားမယ် မထင်ထားခဲ့ဘူးလို့ ဆိုပါတယ်။

 

ဓားဖြင့်ခုတ်ခံခဲ့ရသူ နိုင်ပုန်း ကလည်း သူဟာ သူ့ရဲ့မိန်းမဖြစ်သူခိုင်းတဲ့အချိန်မှာ မူးနေတာကြောင့် အပင်ကို ကျိုးအောင်လုပ်မိသွားခဲ့ကြောင်း ပြောပါတယ်၊ လက်ရှိမှာတော့ နိုင်ပုန်းရဲ့မိန်းမဖြစ်သူကို ရတ်ဘူရန ရဲစခန်းမှာ ဖမ်းဆီးထားပြီး ဖြစ်စဉ်အသေးစိတ်ကို နိုင်ပုန်း သက်သာလာတဲ့အခါ စစ်ဆေးပြီး ဉပဒေအတိုင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS