26 April 2024

စင်တင်ဘာ ၁၇ ရက်၊ ၂၀၂၁

 

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်ရှိ ချင်း‌ဒေါင်းတောင်ဒေသအား ဇီဝအဝန်းနယ်မြေအဖြစ် ယူနက်စကိုသတ်မှတ်။

 

နိုင်ဂျီးရီးယာနိုင်ငံ မြို့တော်အာဘူးဂျာရှိ ယူနက်စကိုအဖွဲ့ချုပ်ရုံး၌ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ၃၃ ကြိမ်မြောက် လူသားနှင့်

ဇီဝအ၀န်းနယ်မြေ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ အစည်းဝေးတွင် ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်ရှိ ချင်း‌ဒေါင်းတောင်‌

ဒေသအား ယူနက်စကိုအဖွဲ့ကြီး၏ လူသားနှင့်ဇီဝအ၀န်းနယ်မြေအစီအစဉ် (UNESCO Man and the Biosphere Reserve Programme-MAB)

အောက်ရှိကမ္ဘာ့ဇီဝအ၀န်းနယ်မြေများကွန်ရက်အတွင်း ပါဝင်သည့် ဇီဝအ၀န်းနယ်မြေတစ်ခုအဖြစ် အတည်ပြု သတ်မှတ်ခဲ့သည်ဟု သိရသည်။

 

အဆိုပါအစည်းအဝေးတွင် ချင်း‌ဒေါင်းတောင်ဒေသအပါအဝင် ကမ္ဘာတဝန်းရှိ နေရာပေါင်း ၂၀ ကိုဇီဝအဝန်းနယ်မြေအဖြစ် ယူနက်စကိုမှထပ်မံ

သတ်မှတ်ပေးခဲ့သည်ဟု သိရပြီး ချင်းဒေါင်းတောင်ဒေသသည် ထိုင်းနိုင်ငံ၏ ၅ နေရာမြောက် ဇီဝအဝန်းနယ်မြေဖြစ်လာသည်ဟု သိရသည်။

 

ချင်းဒေါင်းတောင်ဒေသ၌ တရုတ်ပြည်တောင်ပိုင်းရှိ ဟိမဝန္တာတောင်တန်းတွင်တွေ့ရသည် Sub-alpine Vegetaion သစ်တောများကိုတွေ့ရ

သည်ပြီး ချင်း‌ဒေါင်းတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးကြိုးဝိုင်းမှ နှစ်ပေါင်း ၄၀ ထိန်းသိမ်းခဲ့ရသည်ဟု သိရသည်။

 

ချင်းဒေါင်းတောင်သည် ပင်လယ်ရေမျက်နှာပြင်မှအမြင့်ပေ ၂,၂၂၅ မီတာရှိပြီး ထိုင်းနိုင်ငံတွင် တတိယအမြင့်တောင်ဆုံးတောင်ဖြစ်ကာ ‌‌ဂေဟစနစ်

အခြေပြုခရီးသွားလုပ်ငန်းဖြင့် လူသိများသောဘေးမဲ့ကြိုးဝိုင်းနယ်မြေတစ်ခုဖြစ်သည်ဟု သိရှိရသည်။

SHARE THIS NEWS

OTHER NEWS