5 May 2024

ဩဂုတ် ၂၇ ရက်၊ ၂၀၂၁

 

ကာဘူးလ်လေဆိပ်ကိုတိုက်ခိုက်ခဲ့သည့်အကြမ်းဖက်အုပ်စုကို မြေလှန်ရှာဖွေရန်နှင့်ကယ်ဆယ်ရေးလုပ်ငန်းများကိုပြီးစီးအောင်ရှေ့တိုး

ဆောင်ရွက်သွားမည်ဟု သမ္မတ ဂျိုး ဘိုင်ဒင် ကတိပြု။

 

 

ယမန်နေ့ (၂၆-၈-၂၀၂၁) ဒေသစံတော်ချိန် ညနေ ၆ နာရီအချိန်တွင် အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကာဘူးလ်ရှိ ကာဇိုင်းအပြည်ပြည်

ဆိုင်ရာလေဆိပ်ကို အကြမ်းဖက်အုပ်စုက တိုက်ခိုက်မှုပြုလုပ်ခဲ့၍ အရပ်သား ၆၀ ကျော်သေဆုံးခဲ့ပြီး ၁၄၀ ကျော်ဒဏ်ရာရရှိခဲ့သည့်

အပြင် အမေရိကန်တပ်သား ၁၃ ဦး ကျဆုံးခဲ့သည့်အပေါ် သမ္မတ ဂျိုး ဘိုင်ဒင် က အကြမ်းဖက်အုပ်စုကို ပိုက်စိပ်တိုက်မြေလှန်ရှာဖွေ

ရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းသွားမည်မဟုတ်ဘဲ ပြီးစီးအောင်ရှေ့တိုးဆောင်ရွက်သွားမည်ဟု သတင်းစာရှင်းလင်း

ပွဲတွင် ပြောကြားခဲ့သည်။

 

အကြမ်းဖက်တိုက်ခိုက်မှုသည် အမေရိကန်နှင့်ယူကေတပ်သားများ လုံခြုံရေးယူထားသည့် အက်ဘေးဂိတ် (Abbey Gate) တွင်ဖြစ်ပွားခဲ့ပြီး

ဒေသတွင်းအိုင်စစ်အဖွဲ့ခွဲတစ်ခုဖြစ်သည့် အိုင်စစ်-ကေ (Isis-K) အဖွဲ့၏လက်ချက်ဖြစ်သည်ဟု ၎င်းအဖွဲ့ကထုတ်ပြန်ထားသည်။

 

အဆိုပါတိုက်ခိုက်မှုကြောင့် အမေရိကန်ကမ်းတက်တပ်သား ၁၁ ဦးနှင့် ရေတပ်ဆေးတပ်သား ၁ ဦး ကျဆုံးခဲ့ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ

နောက်ပိုင်း အမေရိကန်တပ်သားကျဆုံးမှုအများဆုံးဖြစ်လာသည်ဟု အမေရိကန်စစ်ဌာနချုပ်ဗဟိုကာကွယ်ရေးဦးစီးချုပ် ကဆိုသည်။

 

ယင်းတိုက်ခိုက်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို လာမည့်ဩဂုတ်လ ၃၁ ရက်နေ့အတွင်းအပြီးဆောင်ရွက်ရန် အခက်အခဲဖြစ်စေ

နိုင်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

 

လတ်တလောတွင် အမေရိကန်တပ်သား ၅,၈၀၀ ဦးနှင့်ယူကေတပ်သား ၁,၀၀၀ ဦးတို့က ကာဘူးလ် လေဆိပ်တွင် လုံခြုံရေးယူထားသည်။

 

လက်ရှိတွင် အမေရိကန်နိုင်ငံသား ၆၆,၀၀၀ ဦးနှင့် မဟာမိတ်နိုင်ငံသား ၃၇,၀၀၀ ဦးအပါအဝင် အာဖဂန်မှအရပ်သား ၁၀၄,၀၀၀ ဦးကို

ကယ်ထုတ်နိုင်ခဲ့ပြီး လေဆိပ်တွင် ၅,၀၀၀ ဦးသောင်တင်နေသည် ဟု သိရသည်။

SHARE THIS NEWS

OTHER NEWS