28 April 2024

ပရကန်စန်းခွမ် (လူမှုဖူလုံရေးရန်ပုံငွေ) သက်ပြည့်ပင်စင်ကို ယခင် အသက် ၅၅ နှစ်သတ်မှတ်ထားရာမှ

အသက် ၆၀ နှစ်အဖြစ် ထိုင်းအစိုးရတိုးမြှင့်သတ်မှတ်။

 

ထိုင်းနိုင်ငံတွင် ကျန်းမားရေစောင့်ရှောက်မှုကောင်းမွန်ခြင်းကြောင့် လူ့သက်တမ်းပိုရှည်လာ၍ သက်ကြီးရွယ်အိုလူဦးရေမြင့်တက်လာကာ အလုပ်လုပ်ကိုင်သည့်အရွယ်လျော့နည်းလာပြီး ပင်စင်စား သက်ကြီးရွယ်အိုဦးရေတိုးတက်လာနေခြင်းကြောင့် သက်ပြည့်ပင်စင်ခံစားနိုင်သည့်အသက်ကို ယခင် ၅၅ နှစ်သတ်မှတ်ထားရာက အသက် ၆၀ နှစ်အဖြစ် ထိုင်းလူမှုဖူလုံရေးအာမခံရုံးမှတိုးမြှင့်သတ်မှတ်လိုက် သည် ဟုပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

 

ယခုသတ်မှတ်လိုက်သည့်သက်ပြည့်ပင်စင်မူဝါဒအသစ်သည် လူသစ်များနှင့်လူငယ်များအတွက်သာ အကျုံးဝင်မည်ဖြစ်ပြီး ပရကန်စန်းခွမ်အာမခံထားရှိသူလူဟောင်းများမှာ ယခင်အတိုင်း အသက် ၅၅ နှစ်ပြည့်လျှင် သက်ပြည့်ပင်စင်ခံစားခွင့်ရရှိမည်ဟု ဆိုသည်။

 

 

အဆိုပါ သက်ပြည့်ပင်စင်မူဝါဒအသစ်ကြောင့် အာမခံထားရှိသူများကိုနစ်နာမှုဖြစ်စေမှာမဟုတ်ဘဲ ခံစားခွင့်ပိုများလာမည်ဟု ဖော်ပြထားသည်။

သက်ပြည့်ပင်စင်ကိုနှစ်စဉ်ပေးသွင်းငွေ၏ ၁.၅ ရာခိုင်နှုန်းထပ်တိုးခံစားခွင့်ရရှိမည်ဟုဆိုသည်။ ဉပမာ အသက် ၃၀ နှစ်မှအသက် ၅၅ နှစ်အထိအာမခံငွေပေးသွင်းထားလျင် အလုပ်လုပ်သည့်ကာလသည်၂၅ နှစ်ရှိမည်ဖြစ်ကာ နောက်ဆုံး ၆၀ လအတွင်းပျမ်းမျှသွင်းငွေသည် ၁၅,၀၀၀ ဘတ်ဖြစ်လျင် ယင်းငွေ၏၃၅ ရာခိုင်နှုန်းကိုပင်စင်ငွေအဖြစ်ခံစားခွင့်ရရှိမည်ဖြစ်၍ လစဉ် ၅,၂၅၀ ဘတ်ရရှိမည်။ သို့သော် အသက် ၆၀ နှစ်အဖြစ်တိုးမြှင့်သတ်မှတ်လိုက်ပါက ပင်စင်ငွေ ၇.၅ ရာခိုင်းနှုန်းထပ်တိုးခံစားခွင့်ရရှိမည်ဖြစ်ပြီး ၁၅,၀၀၀ ဘတ်၏ ၄၂.၅ ရာခိုင်နှုန်းရရှိမည်ဖြစ်၍ လစဉ် ၆,၃၇၅ ဘတ်ရရှိမည်ဖြစ်ကာ ၁,၁၂၅ ဘတ် တိုးလာမည်ဟု ဖော်ပြထားသည်။

 

ယင်းသက်ပြည့်ပင်စင်ငွေသည် ရာသက်ပန်ခံစားခွင့်ရှိသည်ဟု ဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS