3 May 2024

ဇန်နဝါရီလ ၁၃ ရက် ည ၂၁.၃၀ မိနစ်ခန့်မှာ မြန်မာနိုင်ငံသား ၁၇ ဦးကိုတင်ဆောင်လာတဲ့လှေတစ်စင်းကို ရနောင်းရေပိုင်နက်မှာ ထိုင်းအာဏာပိုင်တွေဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

အဆိုပါလှေမှာ ကျား ၉ ဦး မ ၇ ဦးနှင့် ကလေး ၁ ဦးပါဝင်လိုက်ပါလာပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံကော့သောင်း ဘက်ကနေ ထိုင်းနိုင်ငံ ရနောင်းကို တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်ရန်ကြိုးစားခဲ့ကြတာပါ။

ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တဲ့သူအားလုံးကို စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ည ၁၂.၃၀ အချိန်မှာတော့ ရနောင်းမြို့ကရဲစခန်းသို့ခေါ်ဆောင်သွားခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေအားလုံးကို အရေးယူမှုတွေ ပြုလုပ်ပြီး နေရပ်ပြန်ပို့သွားမှာဖြစ်တယ်လို့သိရပါတယ်။

 

SHARE THIS NEWS

OTHER NEWS