9 May 2024

တစ်ဦီးလျင်ပွဲစားခ ဘတ် ၉,၀၀၀ ရင်းပြီး ထိုင်းဘက်ခိုးဝင်လာသည့်လာအိုနိုင်ငံသား ၁၂ ဦးကို ဥဘွန်ရတ်ချဌာနီခရိုင် နယ်ခြားစောင့်တပ် ဖမ်းဆီး။

 

၎င်းတို့ကို ဒီဇင်ဘာ ၉ ရက် ညသန်းခေါင်အချိန်တွင်ဖမ်းဆီးနိုင်ခဲ့ပြီး အမျိုးသမီး ၈ ဦးနှင့်အမျိုးသား ၄ ဦးပါဝင်သည်ဟု ထိုင်းရတ်သတင်းဌာနကဖော်ပြထားသည်။

 

အဆိုပါ ခိုးဝင်လာအိုနိုင်ငံသားများကို ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဥဘွန်ရတ်ချဌာနီခရိုင် ခင်းမရတ်မြို့နယ် နောင်းနွတ်ထာကျေးရွာအုပ်စု ပါတွီ့ကျေးရွာတောင်ဘက်ရှိ လယ်ကွင်းပြင်တွင်ဖမ်းဆီး

ရမိခဲ့ခြင်းဖြစ်ပြီး အဖြူရောင်ပစ်ကပ်မော်တော်ကားတစ်စင်းကိုသိမ်းဆည်းနိုင်ခဲ့သော်လည်း ယာဉ်မောင်းမှာအမှောင်ထုကိုအားပြုပြီးထွက်ပြေးတိမ်းရှောင်သွားသည်ဟု ဖော်ပြထားသည်။

 

 

၎င်းတို့သည် လာအိုနိုင်ငံ စဝမ်းနခေပြည်နယ် ချွန်ဘူရီမြို့နယ်မှထွက်ခွာလာခဲ့သူများဖြစ်ပြီး ဗန်ကောက် တွင်အလုပ်လုပ်ရန်အတွက် ပွဲစားခတစ်ဦးလျှင် ဘတ် ၉ ထောင်ပေးရသည်ဟု ထွက်ဆိုကြသည်။

 

ကနဦးတွင် နိုင်ငံတွင်းတရားမဝင်ခိုးဝင်မှုဖြင့်ပုဒ်မတပ်ထားပြီး တရားဥပဒေအရအရေးယူဆောင်ရွက်နိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေးအရာရှိထံပို့ဆောင်ထားသည်ဟု သိရသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS