5 May 2024

တရုတ်ဘက်က လေဖိအားမြင့် ရပ်ဝန်းများကြောင့် ၁၉-၂၁ ရက်အတောအတွင်း ထိုင်းနိုင်ငံအထက်ပိုင်းမှာ မိုးအနည်းငယ်ရွာသွန်းနိုင်ပြီး အောက်တိုဘာလ ၂၂ -၂၅ ရက်တို့မှာ ထိုင်းနိုင်ငံတောင်ပိုင်း ကပ္ပလီပင်လယ်ပြင်တို့တွင် မုန်တိုင်းဖြစ်ပေါ်စေနိုင်တယ်လို့သိရပါတယ်။

အောက်တိုဘာလ ၂၂ – ၂၅ ရက်တို့မှာ ထိုင်းနိုင်ငံတောင်ပိုင်းမှာမိုးကြီးပြီး တောင်ကျချောင်းရေလျံနိုင်တယ်လို့ ထိုင်းမိုးဇလက သတိပေးထားပါတယ်။

 

၂၂-၂၅ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

 

ထိုင်းနိုင်ငံမြောက်ပိုင်း

ဒေသတွင်း ၄၀ ရာခိုင်နှုန်းမိုးရွာသွန်းနိုင်ပြီး။ လေတိုက်နှုန်း တစ်နာရီ ၁၀-၂၀ ကီလိုမီတာနှုန်းဖြင့်တိုက်ခတ်နိုင်ပါတယ်။ အနိမ့်ဆုံးအပူချိန် ၂၁-၂၃ ဒီဂရီစင်တီဂရိတ် မှ အမြင့်ဆုံးအပူချိန် ၃၀-၃၄စင်တီဂရိတ်ထိ ရှိနိုင်ပါတယ်

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း

ဒေသတွင်း ၁၀-၃၀ ရာခိုင်နှုန်းမိုးရွာသွန်းနိုင်ပြီး။ လေတိုက်နှုန်း တစ်နာရီ ၁၅-၂၀ ကီလိုမီတာနှုန်းဖြင့်တိုက်ခတ်နိုင်ပါတယ်။ အနိမ့်ဆုံးအပူချိန် ၁၉-၂၂ ဒီဂရီစင်တီဂရိတ် မှ အမြင့်ဆုံးအပူချိန် ၂၇-၃၂ စင်တီဂရိတ်ထိ ရှိနိုင်ပါတယ်

 

ထိုင်းနိုင်ငံအလယ်ပိုင်း

ဒေသတွင်း ၁၀-၃၀ ရာခိုင်နှုန်းမိုးရွာသွန်းနိုင်ပြီး။ လေတိုက်နှုန်း တစ်နာရီ ၁၀-၂၀ ကီလိုမီတာနှုန်းဖြင့်တိုက်ခတ်နိုင်ပါတယ်။ အနိမ့်ဆုံးအပူချိန် ၂၁-၂၃ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံးအပူချိန် ၂၉-၃၄စင်တီဂရိတ်ထိ ရှိနိုင်ပါတယ်

ထိုင်းနိုင်ငံအရှေ့ပိုင်း

ဒေသတွင်း ၂၀-၃၀ ရာခိုင်နှုန်းမိုးရွာသွန်းနိုင်ပြီး။ လေတိုက်နှုန်း တစ်နာရီ ၁၅-၃၀ ကီလိုမီတာနှုန်းဖြင့်တိုက်ခတ်နိုင်ပါတယ်။ အနိမ့်ဆုံးအပူချိန် ၂၁-၂၄ ဒီဂရီစင်တီဂရိတ် မှ အမြင့်ဆုံးအပူချိန် ၃၀-၃၄ စင်တီဂရိတ်ထိ ရှိနိုင်ပါတယ်။ ပင်လယ်ကမ်းရိုးတန်း ဒေသတွေမှာပင်လယ်ရေ ၁-၂ မီတာထိမြင့်တက်နိုင်ပါတယ်။

 

ထိုင်းနိုင်ငံတောင်ပိုင်း

ဒေသတွင်း ၄၀-၆၀ ရာခိုင်နှုန်းမိုးရွာသွန်းနိုင်ပြီး။ လေတိုက်နှုန်း တစ်နာရီ ၁၅-၃၀ ကီလိုမီတာနှုန်းဖြင့်တိုက်ခတ်နိုင်ပါတယ်။ အနိမ့်ဆုံးအပူချိန် ၂၃-၂၆ ဒီဂရီစင်တီဂရိတ် မှ အမြင့်ဆုံးအပူချိန် ၂၉-၃၄ စင်တီဂရိတ်ထိ ရှိနိုင်ပါတယ် ပင်လယ်ကမ်းရိုးတန်း ဒေသတွေမှာပင်လယ်ရေ ၁-၂ မီတာထိမြင့်တက်နိုင်ပါတယ်။

 

ထိုင်းနိုင်ငံတောင်ပိုင်း (အရှေ့ပိုင်း)

ဒေသတွင်း ၄၀-၆၀ ရာခိုင်နှုန်းမိုးရွာသွန်းနိုင်ပြီး။ လေတိုက်နှုန်း တစ်နာရီ ၁၅-၃၀ ကီလိုမီတာနှုန်းဖြင့်တိုက်ခတ်နိုင်ပါတယ်။ အနိမ့်ဆုံးအပူချိန် ၁၉-၂၅ ဒီဂရီစင်တီဂရိတ် မှ အမြင့်ဆုံးအပူချိန် ၂၆-၃၂ စင်တီဂရိတ်ထိ ရှိနိုင်ပါတယ် ပင်လယ်ကမ်းရိုးတန်း ဒေသတွေမှာပင်လယ်ရေ ၁-၂ မီတာထိမြင့်တက်နိုင်ပါတယ်။

 

ဘန်ကောက်နှင့်အနီးတစ်ဝိုက်

ဒေသတွင်း ၁၀-၃၀ ရာခိုင်နှုန်းမိုးရွာသွန်းနိုင်ပြီး။ လေတိုက်နှုန်း တစ်နာရီ ၁၁-၂၀ ကီလိုမီတာနှုန်းဖြင့်တိုက်ခတ်နိုင်ပါတယ်။ အနိမ့်ဆုံးအပူချိန် ၂၁-၂၄ ဒီဂရီစင်တီဂရိတ် မှ အမြင့်ဆုံးအပူချိန် ၂၉-၃၄ စင်တီဂရိတ်ထိ ရှိနိုင်ပါတယ်။

SHARE THIS NEWS

OTHER NEWS