27 April 2024

,

ဗီယက်နမ်ကွင်းလယ်ကစားသမား ငုယင် ကွမ်ဟိုင်းကို ဂျေလိဂ်အသင်းတစ်သင်းဖြစ်တဲ့ စပ်ပိုရိုအသင်းကခေါ်ယူဖို့ကြိုးပမ်းနေတယ်လို့ သတင်းထွက်ပေါ်။

ထိုင်းကွင်းလယ်ဖန်တီးရှင် ချနာထစ် ကိုရောင်းထုတ်လိုက်တဲ့နောက်မှာ သူ့နေရာကိုအစားထိုးဖို့ ဗီယက်နမ်ကွင်းလယ်ဖန်တီးရှင် ငုယင် ကွမ်ဟိုင်းကိုခေါ်ယူဖို့ ဂျပန် ဂျေလိဂ်အသင်းတစ်သင်းဖြစ်တဲ့စပ်ပိုရိုအသင်းကြိုးပမ်းနေတယ်လို့ ဗီယက်နမ်နာမည်ကြီးသတင်းဌာနတစ်ခုဖြစ်တဲ့ Thethao247 ကမနေ့က ဖော်ပြခဲ့ပါတယ်။

ဗီယက်နမ်အသင်းအတွက် အာရှဇုန်ခြေစစ်ပွဲနောက်ဆုံးအဆင့်ကို ကစားပေးနေတဲ့ ကွမ်ဟိုင်းဟာ ဒီ့မတိုင်ခင်မှာ လတ်ဗီးယားကလပ် ရီကာအသင်းထံသွားရောက်ကစားဖို့သတင်းထွက်ပေါ်ခဲ့ပေမဲ့တိတ်ဆိတ်သွားခဲ့ပါတယ်။

လက်ရှိကွမ်ဟိုင်းကစားနေတဲ့ ဟာနွိုင်းအသင်းကတော့ ဟွမ်ဟိုင်းကိုခေါ်ယူဖို့ကမ်းလှမ်းလာတာမရှိသေးဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ တချိန်တည်းမှာ လာမယ့် ဧပြီလမှာစာချုပ်သက်တမ်းကုန်ဆုံးမယ့်ကွမ်ဟိုင်းကို စာချုပ်သက်တမ်းတိုးဖို့ပြင်ဆင်နေတယ်လို့လည်း တုံ့ပြန်ထားပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS