9 May 2024

,

တောင်အမေရိကရဲ့ နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားဖြစ်လာတဲ့ လီယွန်နယ်မက်ဆီ

■ပီအက်စ်ဂျီအသင်းနဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ဘိုလီဗီးယား အသင်းနဲ့ ကမ္ဘာဖလားခြေစစ်ပွဲ မှာ ပွဲကစားချိန် ၁၄မိနစ်၊၆၄မိနစ်၊၈၈မိနစ်တွေမှာ သွင်းယူခဲ့ တဲ့ ဟက်ထရစ်သွင်းဂိုးကြောင့် တောင်အမေရိကရဲ့ နိုင်ငံတကာ ဂိုးသွင်းအများဆုံးစံချိန်တင်ထားတဲ့ ဂန္တင်ကစားသမားကြီး ပီလီ ရဲ့ သွင်းဂိုး (၇၇)ဂိုးစံချိန် ကိုကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။

လီယွန်နယ်မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း၁၅၃ပွဲထိပါ၀င်ကစားပေးထားပြီး အသင်းဖော်တွေအတွက် ဂိုး ဖန်တီး ပေးမှု ၄၇ကြိမ် ထိရရှိအောင်စွမ်းဆောင်ပေးထားနိုင်သည့်အပြင် အာဂျင်တီးနားကို ကိုပါအမေရိကဖလား ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ တဲ့ အဓိက အခန်းကဏ္ဍ က ပါဝင်ခဲ့တာဖြစ်ပါတယ်။

အပြီးအင်တာဗျူးမှာ မက်ဆီက “ဒီနေ့နိုင်ပွဲဟာ ကျွန်တော်တို့အတွက် အရမ်းအရေးပါပါတယ်။လွန်ခဲ့တဲ့ရက်အနည်းအငယ်က ကိစတွေကြောင့်ကျွန်တော်တို့ကစားသမားတွေကော နည်းပြအဖွဲ့တွေပါ မပျော်မရွင်ဖြစ်ခဲ့ရပါတယ်။တစ်ချို့ကစားသမားတွေဟာ လေ့ကျင်ခန်းအစီအစဉ်‌တွေမှာတောင်စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တာပါ။ ဒါပေမယ့်ဒီနေ့မှာကျွန်တော်တို့အစုအဖွဲ့က ဘယ်လောက်ထိ တောင့်တင်းလဲဆိုတာသက်သေပြ‌နိုင်ခဲ့ပါတယ်။ကိန်းဂဏန်းတွေနဲ့ပက်သက်ပြီးလား?ဒါတွေက ကျွန်တော် ကွင်းထဲမှာကစားနေတဲ့နောက်ဆုံးချိန်ထိ အပြောင်း အလဲရှိနိုင်တဲ့အတွက်ဒါတွေကို ကျွန်တော်အာရုံစူးစိုက်နေမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

SHARE THIS NEWS

OTHER NEWS