28 April 2024

ယမန်နေ့ညတွင် မြို့တော်ဗန်ကောက် ပရာချာအုထစ် ၈၃ လမ်းမျက်နှာချင်းဆိုင်တွင် မြန်မာအမျိုးသား တစ်ဦးမောင်နင်လာသည့်မော်တော်ဆိုင်ကယ်ယာဉ်တိုက်မှုဖြစ်ပြီး ပွဲချင်းပြီးသေဆုံး။

 

မြို့တော်ဗန်ကောက်၊ ထွန့်ခရုမြို့နယ်ရှိ ပရာချာအုထစ် ၈၃ လမ်းမျက်နှာချင်းဆိုင်နေရာတွင် မြန်မာတစ်ဦးမောင်းနင်လာသည့်မော်တော်ဆိုင်ကယ်နှင့်မော်တော်ကားတစ်စီးယာဉ်တိုက်မှုဖြစ်ပွားသည်ဟု သတင်းရရှိပြီးနောက် အခင်းဖြစ်ပွားရာသို့ ထွန့်ခရုစည်ပင်သာယာရဲစခန်းအပါအဝင် စီရီရတ်ဆေးရုံမှုခင်းသိပ္ပံ အဖွဲ့နှင့်ပေါ်တက်တူးနာရေးကူညီမှုအသင်းတို့အားချင်းသွားရောက်စစ်ဆေးခဲ့သည်ဟု CH7HD သတင်းဌာနမှဖော်ပြထားသည်။

 

အခင်းဖြစ်ပွားရာသို့ရောက်ရှိသွားချိန်တွင် အသက် ၂၇ နှစ်ရှိ မျက်နှာတွင်သွေးပေစွန်းနေသည့် မြန်မာအမျိုးသားတစ်ဦးသေဆုံးနေသည်ကိုတွေ့ရပြီး ဘယ်ဘက်အရှေ့ကားဘီးတက်ကြိတ်ထား၍ အလောင်းကိုကားဘီးအောက်မှယူထုတ်ခဲ့ရသည်ဟု ဖော်ပြထားသည်။

 

အခင်းဖြစ်ပွားရာအနီးတွင်သေဆုံးသူမောင်းနင်လာသည့် ဗန်ကောက်လိုင်စင် အဖြူရောင်မော်တော်ဆိုင်ကယ်ကိုကြေမွနေသည့်အနေအထားဖြင့်တွေ့ရှိရပြီး မီတာ ၅၀ ခန့်အကွာတွင်သေဆုံးသူ၏ဖိနပ်ဟုခန့်မှန်းရသော အစိမ်းရောင်ကင်းပတ်ဖိနပ်တစ်ဖက်ကိုတွေ့ရကာ ရဲတပ်ဖွဲ့ကသက်သေခံပစ္စည်းအဖြစ်သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။

 

ကနဉီးတွင် သေဆုံးသူသည်မော်တော်ကားနှင့်ဆောင့်မိပြီး မော်တော်ကားတက်ကြိတ်မိ၍အသက်သေဆုံးခြင်းဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့နှင့်မှုခင်းသိပ္ပံအဖွဲ့ကခန့်မှန်းထားသည်။ မည်သို့ဆိုစေ သေဆုံးသည့်အကြောင်းအရင်းမှန်ကိုအတည်ပြုနိုင်ရန်အတွက် မှုခင်သိပ္ပံဌာနမှရင်ခွဲစစ်ဆေးနိုင်ရန် အလောင်းကိုစီရီရတ်ဆေးသို့ ယူဆောင်သွားသည်ဟု သိရသည်။

 

သေဆုံးသူသည် ပရာချာအုထစ် ၉၀ လမ်းရှိ သံရုံတစ်ခုတွင်လုပ်ကိုင်နေပြီး သူငယ်ချင်းဖြစ်သူကိုအိမ်ပြန်ပို့ရာမှ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်ဟု ဇနီးဖြစ်သူက ဆိုသည်။

 

တရားပြိုင်ဖြစ်သူ အသက် ၃၈ ရှိ ထိုင်းအမျိုးသားယာဉ်မောင်းကို စစ်ဆေးရန်အတွက် ရဲစခန်းသို့ခေါ်ဆောင်သွားခဲ့ပြီး တရားဉပဒေအရအရေးယူဆောင်ရွက်သွားမည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS