27 April 2024

,

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ခိုရတ်ခရိုင် ဘွာယိုင်မြို့နယ်၊ ခို့နွဲကျေးရွာတွင်နေထိုင်သည့် အသက် ၆၄ နှစ် အရွယ် ထိုင်းအမျိုးသားတစ်ဉီး ဘတ် ၁၂ သန်းထီကံထူး၊ အလှူကြီးပြုမည်ဟု ဆို။

ယမန်နေ့ညနေတွင် ထိုင်းထီဆုကြေညာပြီးနောက် ခိုရတ်ခရိုင် ဘွာယိုင်မြို့နယ်ရှိ ထီသည်တစ်ဦးက ပထမဆုထီ ၂ စောင်တွဲကံထူးရှင်အမျိုးသားတစ်ဦးနှင့်တွဲရိုက်ထားသည့်ပုံကို သူမ၏လူမှုကွန်ရက်ပေါ် တွင်တင်ခဲ့ပြီး “ခို့နွဲကျေးရွာက ဘတ် ၁၂ သန်းသူဌေးနဲ့ထပ်တူဝမ်းမြောက်ပါတယ်” ဟု ကပ်ရှင်တပ်ထားသည့်သူမ၏ပို့စ်ပျံ့နှံ့သွားပြီးနောက်တွင် အွန်လိုင်းလောကသားအမြောက်အများကဝမ်းသာစကားကွန်းမန့်ပေးခဲ့ကြပြီး “တစ်သက်မှာတစ်ခါလောက်ကံထူးချင်တယ်” ဟုမှတ်ချက်ပေးခဲ့ကြသည်ဟု Amarin News သတင်းဌာနကဖော်ပြထားသည်။

ထို့နောက် ဘတ် ၁၂ သန်းကံထူးရှင်သည် အသက် ၆၄ နှစ်ရှိ ဓမ္မာ ခွပ်ဖိမိုင်ဆိုသူအမျိုးသားဟုသိရှိရပြီးဘွာယိုင်နယ်မြေရဲစခန်း၌ ရဲနေ့စဉ်မှတ်တမ်းတိုင်ကြားခဲ့သည်ဟု ဆိုသည်။

ငါးရှာထွက်သည်ဟု အိမ်မက်မက်တာကြောင့် ၈၅၊ ၅၈ ဂဏာန်းကောက်ပြီး အိမ်နားရှိထီသည်တွင် ၂ စောင်ဝယ်ယူခဲ့သည်ဟု ဆိုသည်။

ထီကံထူးရာမှရရှိလာသည့်ဆုငွေများကို အလှူကြီးပြုပြီး ဟောင်းနွမ်းနေသည့်နေအိမ်ကိုပြန်လည် ပြုပြင်မည်ဟု ဆိုသည်။ ထို့ပြင် တင်ရှိနေသည့်ကြွေးမြီများကိုပြန်ဆပ်မည်ဖြစ်ပြီး ကျန်ရှိငွေများကိုသားသမီးများ၏ပညာသင်စရိတ်အတွက်သိမ်းဆည်းထားမည်ဟု ဆိုသည်။

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS