28 April 2024

ကြက်သားစက်ရုံကို ရှောင်တခင်၀င်ရောက်စစ်ဆေး တရားမ၀င်လုပ်သား ၁၁၂ ဦးစစ်ဆေးတွေ့ရှိ၊ လုပ်ငန်းခွင်အတွင်း ကိုဗစ်၁၉ အစုအပြုံလိုက်ကူးစက်ခံရသူတွေ့

 

 

ကြက်သားစက်ရုံ တစ်ရုံကို ထိုင်းသက်ဆိုင်ရာအဖွဲ့အစည်းတွေ ရှောင်တခင်၀င်ရောက်စစ်ဆေးမှုတွေ ဆောင်ရွက်တော့ စက်ရုံအတွင်းမှာ တရားမ၀င် လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သား ၁၁၂ ဦးတွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ ထို့ပြင် စက်ရုံထဲကအလုပ်သမားတွေမှာလဲ ကိုဗစ်၁၉ ကူးစက်ခံရသူ ၁၆ ဦးစစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အဆိုပါ PPF ကြက်သားစက်ရုံမှာ ထိုင်းနိုင်ငံ ဖိ့စနုလို့ခ်ခရိုင်တွင်တည်ရှိပါတယ်။ စက်ရုံထဲက တရားမ၀င်လုပ်သားများမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေလို့ သိရပါတယ်။ ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်ကနေ ဖိ့စနုလို့ခ်ခရိုင်သို့ ပြောင်းရွှေ့လုပ်ကိုင်တဲ့နေရာမှာ နေရာထိုင်ခင်းမတိုင်ကြားတဲ့သူရှိသလို၊ အထောက်အထားမရှိတဲ့လုပ်သားတွေလဲ စစ်ဆေးတွေ့ရှိတယ်လို့ ဖော်ပြချက်အရ သိရပါတယ်။

 

 

ကိုဗစ်၁၉ ကူးစက်ခံရသူ ၁၆ ဦး၊ သူတို့နဲ့ထိတွေ့ခဲ့သူ ၂၁ ဦးကို သီးသန့်ခွဲထားမှာဖြစ်ပြီး၊ စက်ရုံပိုင်ရှင်ကိုတော့ တရားမ၀င်လုပ်သားစေခိုင်းထားမှုနဲ့ ဥပဒေအတိုင်းဆောင်ရွက်ရန် ဆက်လက်စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

ဓါတ်ပုံ- นสพ.แนวหน้า

SHARE THIS NEWS

OTHER NEWS